(ပြည်တွင်း) ဖေဖော်ဝါရီ ၂၆

နေရေးအခက်အခဲရှိ ပြည်သူများအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာရှိ အခန်းများကို ဝယ်ယူရန် လျှောက်ထားသူ ၄ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

“ရိုးမရိပ်သာ”တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများဝယ်ယူရန်အတွက် လျှောက်လွှာများကို ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၂၁ ရက်အထိ ရောင်းချပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ ရောင်းချမယ့် တိုက်ခန်းပေါင်း ၁၅၀ ရှိပြီး လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဌာနဆိုင်ရာဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ပြည်သူများကို ခွဲတမ်းကျမဲနှိုက်၍ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ ဆောက်လုပ်ပြီးစီးသော အိမ်ခန်း များကို နေရေးအခက်အခဲရှိတဲ့ ဝင်ငွေနည်းပြည်သူများကို ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အိမ်ခန်းလျှောက်လွှာများကို ဖေဖော်ဝါရီလ ၂၅ ရက် နောက်ဆုံးထားပြန်လည်တင်ပြရမည်ဖြစ်ကာ တင်ပြ လာတဲ့ လျှောက်လွှာများကို စိစစ်ပြီးပါက ဝယ်ယူခွင့် ရရှိသူများအား အကြောင်းပြန်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews