
(ပြည်တွင်း)ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာအနီး လယ်လုပ်ငန်းဆောင်ရွက်နေသည့် ဒေသခံပြည်သူများအား အကြမ်း ဖက်သမား PDF များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအမျိုးသမီး ၃ ဦးလက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ခွန်တောင်းကြီးကျေးရွာနေ မသန္တာထွေး(ဘ)ဦးဝင်းမြင့်၊ မသန်းသန်းစိုး (ဘ)ဦးဝင်းဘိုနှင့် ဒေါ်ပပဦး(ဘ)ဦးစိန်သန်းတို့ ၃ ဦးသည် ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၁၁၀၀ ခန့်အကွာရှိ လယ် ကွင်းများအတွင်း ပေါင်းမြက်များ ရှင်းလင်းနေစဉ် ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် သမား PDF များက လယ်ကွင်း ၏ အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့ရာ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်သမား PDF များ၏ ယခုကဲ့သို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက် လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN