ဘုရားကြီးမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး

(မှုခင်း) ဩဂုတ် ၁၁

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ပျဉ်ပုံကြီးကျေးရွာအုပ်စု၊ ပျဉ်ပုံကြီးကျေးရွာ(အနောက်ပိုင်း) ဂန္ထဝင်လမ်း၌ ယနေ့ ဩဂုတ် ၁၁ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၁ နာရီခန့်တွင် မနက်ပိုင်းအလုပ်သွားရန်အတွက် အိမ်တွင် ထမင်းဟင်းချက်ပြီးနောက် မီးဖိုမှ မီးကြွင်းမီးကျန်များကို မငြှိမ်းသတ်နိုင်ဘဲ အနီးရှိ ထရံသို့ မီးကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးကူးစက်လောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ခြေတံရှည်နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါနေအိမ်မှာ ပေ ၂၀ × ပေ ၃၀ အရွယ်ရှိကြောင်း သိရသည်။

ဒေသတွင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မီးလောင်မှုကို နံနက် ၁ နာရီ ၂၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး နံနက် ၁ နာရီ ၃၀ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။