(အားကစား) ဖေဖော်ဝါရီ ၂၄

ယခုရာသီတွင် နည်းပြ မာရက်စကာ ရာထူးမှထုတ်ပယ်ခံရမည်မဟုတ်ဟု ချဲလ်ဆီးအသင်း၏ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဂိုးလ်စတိန်းက အတည်ပြုပြောကြားခဲ့ပါတယ်။
မာရက်စကာ ဟာ ပြီးခဲ့တဲ့ နွေရာသီတွင် ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ရာသီအစပိုင်းမှာ ရလဒ်ကောင်းရခဲ့သော်လည်း လက်ရှိအချိန် တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရုန်းကန်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
ဒါပေမယ့် ဂိုးလ်စတိန်းက မာရက်စကာ၏ စွမ်းဆောင်မှုမှာ ကျေနပ်စရာဖြစ်တဲ့အတွက် ယခုရာသီတွင် ရာထူးမှ ထုတ်ပယ်မခံရရန် ရာခိုင်နှုန်းပြည့် သေချာကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်တွင် ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ အပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရန် အဆင့် (၄) နေရာမှ မန်စီးတီးအသင်း နဲ့ တစ်မှတ်သာ ကွာဟနေပါတယ်။
ဒါ့အပြင် ဒါရိုက်တာ ဂိုးလ်စတိန်းက ၎င်းအနေနဲ့ ယခုရာသီလက်ကျန်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဆက်လက် ပြောကြား ခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews