အွန်လိုင်းမှတ်ပုံတင်ခြင်းစနစ်နဲ့ ဆန်စက်မှတ်ပုံတင်စနစ်ကို ပြုလုပ်နိုင်ရန်ဆောင်ရွက်ပေးသွားမည်


(စီးပွားရေး) ဖေဖော်ဝါရီ ၂၄

ဖေဖော်ဝါရီလ ၂၂ ရက် က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာ(MCC) ကျင်းပတဲ့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား မှာ စက်မှုဖွံ့ဖြိုးရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနအနေနဲ့ ဆန်စက်မှတ်ပုံတင်စနစ်ကို ပြန်လည်သုံးသပ်ပြီး နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေး မူဝါဒများနဲ့ကိုက်ညီတဲ့ အွန်လိုင်းမှတ်ပုံတင်ခြင်းစနစ်နဲ့ ဆောင်ရွက်နိုင်စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ညှိနှိုင်း၍ စီမံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့‌ပါတယ်။

နိုင်ငံတော်၏မူဝါဒဖြစ်တဲ့ စားရေရိက္ခာဖူလုံရေး၊ MSME ကဏ္ဍနှင့်ပို့ကုန်မြှင့်တင်ရေးမူဝါဒများကို အကောင် အထည်ဖော်ရာမှာ ဆန်စက်များလည်ပတ်မှု၊ ဆန်စက်များ အဆင့်မြှင့်တင်မှု၊ တိုးချဲ့တည်ဆောက်မှုတို့နှင့် များစွာ ဆက်စပ်နေခြင်းကြောင့် အဆိုပါအွန်လိုင်းမှတ်ပုံတင်ခြင်းစနစ်နဲ့ ဆောင်ရွက်ရခြင်းဖြစ်ကြောင့် ပြည်ထောင်စု ဝန်ကြီး က ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ မြန်မာ့ဆန်စက်လုပ်ငန်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အခြေအနေများ၊ စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများခေါင်းစဉ်ဖြင့် စားပွဲဝိုင်းဆွေးနွေးပွဲများကျင်းပပြီး တက်ရောက်လာသူများက သိရှိလို သည်များ မေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN