(ပြည်တွင်) ဖေဖော်ဝါရီ ၂၄

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘီဝံသ၏ သက်တော် ၈၅ နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအလှူအား မူလသတ်မှတ်ထားတဲ့ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)အစား မတ်လ ၂၂ ရက်သို့ ပြောင်းလဲ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအလှူအား မြန်မာရက်မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့တွင် အောင်ချမ်းသာရပ်ကွက်ရှိ ဆရာတော်ကြီးသီတင်းသုံး နေထိုင်တော်မူသော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ဓမ္မသဟာရ သာသနာ့စင်တာကျောင်းတွင်ဆင်ယင်ကျင်းပရန်စီစဥ်ထားခဲ့ကြောင်း သိရပါတယ်။
ထိုသို့ စီစဥ်ထားရာမှ တပေါင်းလပြည့်နေ့တွင် ဆရာတော်ကြီးနှင့် သံဃာတော်များအား တပည့်ဒါယိကာ၊ ဒါယိကာမများက မွေးနေ့ ဆွမ်းလောင်းလှူခြင်း၊ တရားပွဲသတင်ရှိခြင်းနှင့် ရာသက်ပန်ကုမ္ပဏီ စတုဒိသာအဖွဲ့မှ ဆရာတော်ကြီး၏မွေးနေ့တွင် လူဦးရေ ၃၀,၀၀၀ ကို စတုဒိသာ ထမင်း/ဟင်းကျွေးမွေးလှူဒါန်းမှုကို ပြုလုပ်မှာဖြစ်တာကြောင့် ဆရာတော်ကြီး၏ အင်္ဂလိပ်မွေးနေ့ရက်ဖြစ်သော မတ် ၂၂ ရက်သို့ ပြောင်းလဲကျင်းပရခြင်းဖြစ်ကြောင်း သိရပါတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာအလှူ၌ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ လူဦးရေ ၃၀,၀၀၀ အတွက် စတုဒိသာ ထမင်း/ဟင်း ကျွေးမွေးလှူဒါန်းမည့် ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ အလှူငွေ လက်ခံခြင်း မရှိဘဲ စတုဒိသာပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုသာ လှူဒါန်းလိုပါကလက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် အလှူပြီးချိန်မှာ ပိုလျှံတဲ့ စတုဒိသာပစ္စည်းများ အားလုံးကို ပါမောက္ခချုပ်ဆရာတော်ကြီးကို ဆွမ်းဆန်စိမ်းအလှူအဖြစ် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ ပါတယ်။
Telegram»…
https://t.me/positiveanglenews