လက်ယာယိမ်းဝေဖန်ရေးသမားကို FBI လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ထရမ့် ခန့်အပ်


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် FBI ၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လက်ယာယိမ်းဝေဖန်ရေးသမား Dan Bongino ကို ခန့်အပ်လိုက်သည်။

Bongino သည် သမ္မတ George W Bush နှင့် Barack Obama တို့လက်ထက်များတွင် နယူးယောက်ရဲဌာနတွင် လျို့ဝှက်တာဝန်များထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

ထရမ့်က Bongino မှာ နိုင်ငံကိုချစ်ပြီး မယုံကြည်လောက်အောင် စိတ်အားထက်သန်သူဖြစ်ပြီး FBI ၏ ဒါရိုက်တာအသစ်ဖြစ်သူ အိန္ဒိယနွယ်ဖွား Kash Patel လက်အောက်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားခဲ့သည်။

အဆိုပါရာထူးခန့်အပ်ခံရခြင်းနှင့်ပတ်သက်ပြီး Dan Bongino က သမ္မတထရမ့် ရှေ့နေချုပ်နှင့် FBI ဒါရိုက်တာသစ် Kash Patel တို့ကို ကျေးဇူးတင်ကြောင်း ၎င်း၏ X လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

Telegram»…
https://t.me/positiveanglenews

PAN