(မှုခင်း) သြဂုတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ တည်းခိုခန်းတစ်ခုအတွင်း အမျိုးသားတစ်ဦးအား သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဩဂုတ်လ ၆ ရက်၊ ညပိုင်းအချိန်တွင် အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခို နေထိုင်နေသူ အခန်းခများ လာရောက်ပေးချေခြင်း မရှိဘဲ အခန်းအပြင်သို့ ထွက်မလာသဖြင့် တည်းခိုခန်းမန်နေဂျာက ၎င်းအခန်းအား သော့အပိုဖြင့် ဖွင့်၍ ဝင်ရောက်ကြည့်ရှုခဲ့ရာ တည်းခိုသူသည် ခုတင်ဘေးတွင် ပက်လက်အနေအထားဖြင့် လဲကျနေပြီး ခေါ်ဆို၍ မရသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံး နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူမှာ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ အေးဇော်ဖြိုး ဆိုသူဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား အောင်ပန်း နာရေးကူညီမှုအသင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေ ရဲစခန်း တွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN