(မှုခင်း) သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ၊ဒီပဲယင်းမြို့နယ်တွင် ကောက်စိုက်ပြီး ပြန်လာသည့်ကောက်စိုက်သမ အမျိုးသမီး ၁၀ဦး ချောင်း ဖြတ်ကူးစဥ် ရေစီးနှင့်အတူ မျောပါသွားကြောင်း သိရသည်။
သြဂုတ်လ၆ရက် မွန်းတည့် ၁၂နာရီကျော်အချိန်က ဒီပဲယင်းမြို့နယ် ၊ အနောက်ခြမ်း အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးရွာမြောက်ဘက်ရှိ ချောင်းအား ကောက်စိုက်သမ ၁၀ဦးမှ ဖြတ်ကူးစဥ် ချောင်းရေရုတ်တရက်မြင့်တက်လာမှုကြောင့် ၆ဦးမှာ ရေစီးနှင့်မျောပါသေဆုံးခဲ့ပြီး ၄ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း သိရသည် ။
အဆိုပါသေဆုံးသူ အမျိုးသမီး ၆ဦးမှာ ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာကဖြစ်ပြီး မဝင်းမာ၊ မဌေးဌေး၊မကေသီဦး၊မနှင်းဆီ၊ မညိုဆန်းနှင့် မမြင့်မြင့်ဝင်းတို့ ဖြစ်ပြီး ၎င်းတို့အား ပြန်လည်တွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။။

Telegram -t.me/positiveanglenews
#PAN