(နိုင်ငံတကာ)ဩဂုတ် ၇ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တော် မြောက်ပိုင်၊ နွန်သဘူရီခရိုင်၊ ဘန်းခရွိုင်မြို့နယ်၊ ဒက်ဗ်စီရင် နွန်သဘူရီကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမားကျောင်းသားအပါအဝင် ခုနစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘန်ခရူမြို့နယ် ဒက်ဘ်ဆီရင် နွန်သာဘူရီ စာသင်ကျောင်းတွင် အသက် ၁၄ နှစ်အရွယ် Grade 9 ကျောင်းသားတစ်ဦးက ကျောင်းဝတ်စုံ ဝတ်ဆင်လျက် ဝင်ရောက် ပစ်ခတ်ခဲ့ရာ ဆရာ/ဆရာမ ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် သေနတ်သမား ကျောင်းသားအပါဝင်ပြီး ၇ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၅ ဦးတွင် ၂ဦးမှာ စိုးရိမ်ရကြောင်းသိရသည်။
အဆိုပါ သေနတ်သမားကျောင်းသားမှာ စာသင်ခန်းတစ်ခန်းထဲတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း ၊အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား သက်ဆိုင်ရာမှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ထပ်မံရရှိသောသတင်းများအရ ရဲတပ်ဖွဲ့သည် ဆွိုင်ဝပ်လတ်ပလာဒက်ရှိ သံသယရှိသူ၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ သံသယရှိသူ၏ အဘိုးနှင့် အဘွားဟု ယူဆရသည့် ရုပ်အလောင်း ၂ လောင်းကို တွေ့ရှိခဲ့သည်။
သံသယရှိရသော ကျောင်းသားသည် ကျောင်းတွင် ဝင်ရောက်မပစ်ခတ်မီ ၎င်း၏ နေအိမ်၌ မိသားစုဝင် ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။သေဆုံးသူများ
မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် သေဆုံးရသည့် အခြေအနေများကို စုံစမ်းဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိသည်။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက စာသင်ကျောင်း ပစ်ခတ်မှုမှာ ထိခိုက်နစ်နာခဲ့ရသူတွေ၊ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်နှင့် ထိခိုက်ဒဏ်ရာရသူများအား အရေးပေါ်ပြုစုစောင့်ရှောက်ပေးရန်ထုတ်ပြန်ခဲ့သည်။

Telegram»…https://t.me/positiveanglenews
#PAN