(မှုခင်း) ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်မိသားစုစီးလာသည့် ကားအား အမည်မသိလူ ၅ ဦးမှ သေနတ်ဖြင့်ချိန်၍ ရပ်တန့်စေကာ ကားပေါ်ပါလာသည့် ရွှေ ၁၈ ကျပ်သားနှင့် ငွေသိန်း ၃၀ ကျော်အား လုယက်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပုသိမ်ကြီးမြို့မရဲစခန်းမှ လှည့်ကင်းအဖွဲ့သည် ရန်ကင်းတောင်အနီး ဧက(၁၀၀)ကွင်း၏ အရှေ့ဘက် မန်းကျည်းပင်အောက်တွင် မိသားစု ၃ ဦးအား မျက်လုံးတွင်အဝတ်စီးလျက်တွေ့ရှိရ၍ မေးမြန်းခဲ့ရာ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ၆၀(ဘီ)လမ်း×၁၉ လမ်းရှိ “ပြည့်လျံအောင်” ရွှေဆိုင်ပိုင်ရှင် ကိုဇေယျာအောင် မောင်းနှင်လျက် ကိုဇေယျာအောင်ပါ မိသားစုဝင် ၃ ဦးလိုက်ပါလာသည့် R/………VVT ယာဥ်အား Mark-II မော်တော်ယာဉ်ဖြင့် အစိမ်းရောင် ပြောက်ကျားဝတ်စုံဝတ်ဆင်လျက် လူ ၅ ဦးခန့်မှ သေနတ်ဖြင့်ချိန်၍ ရပ်တန့်စေခဲ့ကြောင်း ကိုဇေယျာအောင် ၏ ပြောကြားချက်အရ သိရသည်။
၎င်းနောက် ထိုအမည်မသိလူများမှ ကိုဇေယျာအောင်တို့ မိသားစုအားသေနတ်ဖြင့်ချိန်၍ မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်တက်ကာ မောင်းနှင်ခဲ့ကြောင်း၊ ကားနောက်ခန်းရှိသော ကိုဇေယျာအောင် အား သေနတ်ဖြင့်ချိန်ပြီး သေနတ်ဒင်ဖြင့်ထုခဲ့ကြောင်း၊ ၎င်းနောက် မိသားစု ၃ ဦးအားမျက်လုံးကို အဝတ်ဖြင့် စီးပြီး မော်တော်ယာဉ်အား မောင်းနှင်ခဲ့ရာ ပုသိမ်ကြီးမြို့ထဲသို့ မည်သည်လမ်းက ဝင်လာသည်ကို မသိရှိခဲ့ကြောင်း ၎င်း၏ပြောပြချက်အရ သိရသည်။
၎င်းအမည်မသိလူများမှ ကားပေါ်တွင် ပါလာသော ရွေဆိုင်မှ ကာလတန်ဖိုး ရွှေ ၁၈ ကျပ်သားခန့်နှင့် ငွေသိန်း ၃၀ ကျော်အား ယူဆောင်သွားခဲ့ကြောင်း ကျူးလွန်ခဲ့သော တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews