မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇)ဓားမြတိုက်ခံရ


(မှုခင်း) ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ အကွက် (၆၈၉)ရှိ KBZဘဏ်ခွဲ(၃၇)၌ ဓါးမြတိုက်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ၇၃ လမ်းဘက်မှ ဘဏ်ထဲသို့ စူပါကပ်အနက်‌ရောင်၊ ဂျင်းဘောင်ဘီနက်ပြာ၊ ဂျင်းအင်္ကျီနက်ပြာလက်ရှည်၊ MASK တပ်၍ ဆိုင်ကယ်ဦးထုပ် မှန်ကာပါဖြင့် အမျိုးသား ၁ ဦးရောက်ရှိလာပြီး ဆိုင်ကယ်အား ၇၃ လမ်း ဘဏ်ဝင်ပေါက်ဘေးရပ်စဥ် ဦးထုပ်ချွတ်ဟု ဘဏ်လုံခြုံရေးက ပြောရာ ဓားမြတိုက်သူက လွယ်အိတ်အတွင်းမှ သေနတ်အတိုထုတ်ပြပြီး ၀ပ်နေရန်ပြောသဖြင့် ခေါင်းငုံ၀ပ်နေခဲ့​ရကြောင်း သိရသည်။

၎င်းနောက် ဘဏ်လုံခြုံရေးတာဝန်အတူကျ ကိုဟိန်းမင်းသန့် အား ဓါးမြတိုက်သူမှခေါ်သောကြောင့် ဘဏ်အတွင်းသို့လိုက်ပါခဲ့ရာ ဘဏ်အတွင်းအရောက်တွင် ငွေလက္ခံဌာန(၅)ရှိ ငွေကျပ်-၅၀၀၀ တန်၊ ခန့်မှန်းငွေကျပ်(၁၁၄၅)သိန်းအား အ၀ါရောင် ဆာလာအိတ်ဖြင့် ထည့်ထားသည်ကိုတွေ့ရှိသဖြင့် ဘဏ်လုံခြုံရေး ကိုဟိန်းမင်းသန့်အား သယ်ယူစေကာ ဆိုင်ကယ်ပေါ်တင်ဆောင်ဲပြီး ၇၃လမ်းအတိုင်း မြောက်ဘက်သို့ တစ်ဦးတည်း မောင်းနှင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘဏ်ဓမြတိုက်သူအား ဖမ်းဆီးရမိနိူင်ရန်အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ cctv ကြည့်ရှုခြင်း၊ ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN