(ပြည်တွင်း) ဖေဖော်ဝါရီ ၂၁

မြန်မာအမျိုးသားလေကြောင်းက ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲပေးလျက် ရှိပါတယ်။
လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက်မှ စတင်ပြီး မတ်လ ၃၁ ရက်အထိ ခရီးစဉ်အချိန်ပြောင်းလဲ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ လေယာဉ်ခရီးစဉ်အမှတ် UB-009 ဖြင့် မြန်မာနိုင်ငံ ဒေသစံတော်ချိန် ည ၇ နာရီ ၅၀ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမှာဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၉ နာရီ ၂၀ မိနစ်တွင် ဆိုက်ရောက်မှာ ဖြစ်ပါတယ်။
လေယာဉ်ခရီးစဉ်အမှတ် UB-010 ဖြင့် ချင်းမိုင် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန်ည ၁၀ နာရီ ၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမယ်လို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews