Telegram Join ရန် – http://t.me/positiveanglenews
(ပြည်တွင်း)ဖေဖော်ဝါရီ ၂၀
နိုင်ငံတစ်ဝှမ်းက PDF အကြမ်းဖက်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ယာယီစစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူ ၆သိန်းကျော်ရှိနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောပါတယ်။

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ယာယီနေရပ်စွန့်ခွာသူအရေအတွက်ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ နောက်ဆုံးကောက်ယူခဲ့တဲ့စာရင်းတွေအရ အိမ်ထောင်စု (၁၇၂၇၇၀)စုနဲ့ လူဦးရေ(၆၉၄၁၈၉)ဦး ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
နေရပ်စွန့်ခွာသူတွေအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေက တစ်ဦးကို တစ်လ နှစ်သောင်းနှုန်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့မှာဖြစ်တယ်လို့ပြောဆိုထားပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် လူဦးရေ(၆၉၄၁၈၉)ဦးကို ၁၃ ဘီလီယံ ကျော်သုံးစွဲကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရဲ့ လမ်းညွှန်မှုနဲ့အညီ ဖေဖော်ဝါရီလ အတွင်း ထောက်ပံ့ပေးနေတယ်လို့လည်း ပြောပါတယ်။
ထောက်ပံ့မှုတွေကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနဲ့ မတ်လအတွက် (၂)လစာကို ဧပြီလ မှာထောက်ပံ့ပေးမှာဖြစ်ပြီး ဧပြီလကနေဇွန်လအထိ (၃)လစာကိုတော့ ဇူလိုင်လ၊ ဇူလိုင်လငနေ စက်တင်ဘာလအထိ (၃)လစာကို အောက်တိုဘာလနဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ (၃)လစာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာထောက်ပံ့ပေးသွားမှာဖြစ်ပြီး စုစုပေါင်း (၅)ကြိမ် ထောက်ပံ့သွားမမယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပြောဆိုထားပါတယ်
#PAN #နစက #အကြမ်းဖက် # လူဦးရေ၆သိန်းကျော်နေရပ်စွန့်ခွာနေရ #တစ်ဦးကိုတစ်လနှစ်သောင်းနှုန်း