
(မှုခင်း) သြဂုတ် ၂၈
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ရပ်ကွက်တွင် ယာဥ်တစ်စီး ရေကန်အတွင်းထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၈ရက် နံနက်၉နာရီကျော်အချိန်က ထန်းတစ်ပင်(VIP)ရပ်ကွက်၊ (ကျောက်မျက်)ဝန်းတွင် ယာဉ်(၁)စီးသည် အရှိန်လွန်ပြီး လမ်းဘေးရှိ သဘာဝရေကန်ထဲသို့ ကျသွားသဖြင့် ဒက္ခိဏခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး ၊ ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ ကြာပင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦးတို့သေဆုံးခဲ့ပြီး ၎င်းတို့၏ရုပ်အလောင်းအား လူငယ်တွဲလက်လူမှုကူညီရေးအသင်းယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။