ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် ရှင်ပြုအလှူတော်မင်္ဂလာကျင်းပနေချိန်၌  အကြမ်းဖက် သမား PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး၊ အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

(ပြည်တွင်း)ဖေဖော်ဝါရီ  ၂၀

       အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် အကြမ်းဖက် PDF  အဖွဲ့များက စစ်ရေးပစ်မှတ် မဟုတ်သည့် စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပနေချိန်၌ ကျေးရွာ၏ အရှေ့ မြောက်ဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

      အထက်ပါဖြစ်စဉ်မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှာက်မှုလုပ်များ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပြီး ထိုသို့ အသက်ငယ်ရွယ်သော ကလေးသူငယ်များပါမချန်  အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့သည့် အကြမ်း ဖက်သမားများ၏ ရက်စက်ယုတ်မာသောလုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လက်မခံ နိုင်ဘဲ ကန့်ကွက်ရှုတ်ချလျှက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည် ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN