(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၇

ငြိမ်းချမ်းရေးသဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်းအား လုံခြုံရေးအာမခံချက်ပေးနိုင်ရန် မြေပြင်တပ်များချထားရန် အသင့်ရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် စတားမားက ပြောကြားခဲ့သည်။
စတားမားက ယူကရိန်းတွင် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် ပူတင်၏ အနာဂါတ်တွင် နောက်ထပ်ရန်လိုမှုများအား ဟန့်တားနိုင်မှာဖြစ်သည့်အတွက် မဖြစ်မနေလိုအပ်ကြောင်း ၎င်းကဆိုသည်။
စတားမား၏အဆိုအရ ယူကရိန်းနှင့် ရုရှားထိန်းချုပ်နယ်မြေ နယ်နိမိတ်နှစ်ခုကြား ဥရောပနိုင်ငံအချို့မှ စစ်သားများအပါအဝင် ဗြိတိန်စစ်သားများ ဖြန့်ကျက်ချထားနိုင်ကြောင်း သုံးသပ်မှုများရှိသည်။
လက်ရှိအချိန်တွင် ဗြိတိန်အစိုးရသည် ကာကွယ်ရေးဘတ်ဂျက်အတွက် GDP ၏ ၂.၃ ရာခိုင်နှုန်းအားအသုံးပြုနေရပြီး ကာလတစ်ခုအထိ ၂.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်ဟု ကတိပြုထားသည်။
ငြိမ်းချမ်းရေးထိန်းသိမ်းမည့် ခေါင်းစဉ်ဖြင့် ယူကရိန်းတွင် ချထားမည့် တပ်ဖွဲ့ဝင် အရေအတွက်သည် အနည်းဆုံး တစ်သိန်းခန့် ဖြစ်နိုင်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews