သင်းအုပ်ဆရာသတ်ဖြတ်ခဲရမှုဟာ အလွယ်တကူ မေ့ပျောက်သင့်သောအရာတစ်ခုမဟုတ်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီများ အဖွဲ့ချုပ်ပြော

(မှုခင်း) ဖေဖော်ဝါရီ ၁၆

Father Donald Martin ရဲနိုင်ဝင်း အပေါ်ကျူးလွန်ခဲ့သော မတရားမှုသည် အလွယ်တကူ မေ့ပျောက်သင့်သောအရာတစ်ခုမဟုတ်ပါ။ ထို့ကြောင့် နောက်နောင် ဤကဲ့သို့အမှုမျိုး ထပ်မံမဖြစ် စေရေးအတွက် တာဝန်ယူမှုပြည့်ဝစွာဖြင့်ကျူးလွန်သူတို့အား ထိုက်သင့်သောအရေးယူခြင်းနှင့် တရားမျှတမှုကိုဖေါ်ဆောင်ပေးကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီများ အဖွဲ့ချုပ်ပြောမှ ပြောဆိုထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်က လုဒ်မယ်တော်သခင်မ ကက်သလစ်ခရစ်ယာန်ကျောင်းက ဘာသာရေးသင်းအုပ်ဆရာတစ်ဦးကို PDF အကြမ်းဖက်များမှ ဖမ်းဆီးကာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ် ကန်ကြီးတောကျေးရွာ မန္တလေးဂိုဏ်းချုပ်သာသနာ၏ လုဒ်မယ်တော်သခင်မ ကက်သလစ်ခရစ်ယာန်ကျောင်းမှ ဘာသာရေး သင်းအုပ်ဆရာ ၁ ဦးအား ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

Father Donald Martin ရဲနိုင်ဝင်းနှင့်အတူ အပြစ်မဲ့သူများစွာတို့၏သွေးမြေကျကာ အသက်နှင့် ခန္ဓာပေးဆပ်ရခြင်းတို့သည် နိုင်ငံအနှံ့တွင်ဖြစ်ပွါးနေသောအကြမ်းဖက်မှုများ အဆုံးသတ်ရန်ပြောဆိုထားပြီး ဤကဲသို့ တွေ့ကြုံရသော စိတ်နှလုံးကြေကွဲဖွယ်ရာများမှ သင်ခန်းစာယူလျက် ညီအစ်ကိုမောင်နှမစိတ်ထားများ ရှင်သန်နိုးကြားလာပြီး အကြမ်းဖက်မှုများကို ရပ်တန့်ကြရန်လည်း ပြောဆိုထားသည်။

ခရစ်ယာန်ဘာသာရေး သင်းအုပ်ဆရာတစ်ဦးအား ဖမ်းဆီးသတ်ခဲ့ကြသည့် အကြမ်းဖက်သမားများအား ယင်းတို့၏ အဖွဲ့ဖြစ်သော ရွှေဘိုခရိုင် PDFတပ်ရင်း ၅ မှ အခင်းဖြစ်ပွားခဲ့သည့် ည ၉ နာရီဝန်းကျင်တွင် ဖမ်းမိထားသည်ဟုပြောဆိုထားသည်။

သင်းအုပ်ဆရာအားသတ်ဖြတ်ခဲ့သည့် PDF အကြမ်းဖက်များအား ယင်းအဖွဲ့အစည်းများမှ အရေးမယူသည့်အပြင် အကာအကွယ်ပြုလုပ်ပေးနေသည်ဟု သတ်ဖြတ်ခံရသည့် ဘာသာရေးအဖွဲ့အစည်းဝင်များက ပြောဆိုထားသည်။

PAN #PDF #ခရစ်ယာန်