
(နိုင်ငံတကာ) ဇွန် ၁၅
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဂါဇာစစ်ပွဲစတင်ကတည်း က အစ္စရေးစစ်တပ်သည် ၎င်းတို့၏ တရားဝင်မြေ ပုံများတွင် ဖော်ပြထားခြင်းမရှိဘဲ မြေပြင်တွင် စစ်ရေးအရ လက်တွေ့ထိန်း ချုပ်နယ်မြေ (de facto military footprint)ကို အရှိန်အဟုန်ဖြင့် တိုးချဲ့လာခဲ့ရာ လက်ရှိတွင် ဂါဇာကမ်းမြောင်၊ လက်ဘနွန်တောင်ပိုင်းနှင့် ဆီးရီးယားတောင်ပိုင်းတို့၌ စုစုပေါင်း စတုရန်းကီလိုမီတာ ၁,၀၀၀ (၃၈၆ စတုရန်းမိုင်) ခန့်အထိ ရှိလာကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာန၏ ပွင့်လင်းရင်းမြစ် စုံစမ်းစစ် ဆေးရေးအဖွဲ့က ဖော်ထုတ်လိုက်သည်။
အဆိုပါ နယ်မြေပမာဏသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်တစ်ခုလုံးထက် ပိုမိုကြီးမားပြီး အောက်တို ဘာစစ်ပွဲမတိုင်မီ အစ္စရေးထိန်းချုပ်ထားသမျှ ကုန်းမြေထုထည်စုစုပေါင်း ၏ ၅ ရာခိုင်နှုန်းခန့်နှင့် ညီမျှနေသည်။
နိုင်ငံရေးနှင့် စစ်ရေးလေ့လာဆန်းစစ်သူများက ယခုကဲ့သို့ ကျယ်ပြန့်သော နယ်မြေချဲ့ထွင်မှုကို “မဟာဗျူဟာမြောက် လှည့် စားမှု” (strategic deception) နှင့် “ပထဝီဝင်ဆိုင်ရာ အင်ဂျင် နီယာပညာ” (geographic engineering) မူဝါဒအဖြစ် ထောက်ပြကြသည်။
အစ္စရေးအစိုးရအနေဖြင့် ၎င်းတို့သတ်မှတ်ထားသည့် စစ်ပွဲရည်မှန်းချက်များ (ဟားမတ်စ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိမှုနှင့် ဓားစာခံများ အားလုံးပြန်မရသေးမှု)ကို မအောင်မြင်ခြင်းအပေါ် ဖုံးကွယ်ရန်၊ ပြည်တွင်းရှိ လက်ယာစွန်းဝါဒီများ၏ သဘောတရားရေးရာ တောင်းဆိုမှုများကို စိတ်ကျေနပ်မှုပေးရန်နှင့် နိုင်ငံတကာ၏ တာဝန်ခံမှုမှ ရှောင် လွှဲရင်း မြေပြင်တွင် အခြေအနေသစ်များကို အတင်းအဓမ္မ ဖန်တီးရန် ပထဝီဝင်ချဲ့ထွင်မှုကို ရွေးချယ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အယ်လ်ဂျာဇီးယား၏ ဂြိုဟ်တုဓာတ်ပုံများနှင့် ပထဝီဝင်သတင်းအချက်အလက်စနစ် (GIS) ဆန်းစစ်ချက်များအရ အစ္စရေးသည် စစ်မျက်နှာအသီးသီးတွင် လှုပ်ရှားမှုများကို တွေ့မြင်နိုင်သည်။ ဂါဇာစစ်မျက်နှာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ အပစ်အခတ်ရပ်စဲရေးအပြီးတွင် စတုရန်းကီလိုမီတာ ၂၀၀ ခန့်ကို သတ်မှတ်ရန် “အဝါရောင်မျဉ်း” (Yellow Line) ကို မိတ်ဆက်ခဲ့သော်လည်း မြေပြင်တွင် ထိုမျဉ်းထက်ကျော်လွန်ကာ ဆက်လက်တိုးချဲ့ခဲ့ရာ ဂါဇာမြောက်ပိုင်း၏ ၅၄.၇ ရာခိုင်နှုန်းကို ဝါးမြိုခဲ့ပြီး ဖြစ်သည်။ တရားဝင်စစ်ရေးဇုန်ပြင်ပရှိ ရှူဂျိုင်ယာရပ်ကွက်ကဲ့သို့သော နေရာများတွင်လည်း အဆောက်အအုံများကို ကျယ်ကျယ် ပြန့်ပြန့် ဖျက်ဆီးခဲ့သည်။

လက်ဘနွန်စစ်မျက်နှာတွင်၂၀၂၆ ခုနှစ် ဧပြီလ အပစ်အခတ်ရပ်စဲရေးအပြီးတွင် တရားဝင်မြေပုံများ၌ စတုရန်းကီလိုမီတာ ၅၇၀ ရှိသော ကြားခံဇုန် (buffer zone)ကိုသာ ပြသထားသော်လည်း၊ ဂြိုဟ်တုဓာတ်ပုံများအရ ကြေညာထားသည့် နယ်နိမိတ်မျဉ်းပြင်ပရှိ ဇောင်တာ အယ်လ်-ရှာကီယာကဲ့သို့သော မြို့များတွင်ပါ အဆောက်အအုံများကို ဖျက်ဆီးကာ နယ်မြေချင်း အတင်းအဓမ္မ ထိန်းချုပ်နေ သည်။

အလားတူ ဆီးရီးယားစစ်မျက်နှာတွင် ဆီးရီးယားတောင်ပိုင်းတွင် ကြေညာထားသည့် “အဝါရောင်မျဉ်း” လုံးဝမရှိဘဲ ၁၉၇၄ ခုနှစ် တပ်ခွဲခြားရေး နယ်နိမိတ် (Alpha Line) ကို ကျော်လွန်ကာ ဂျာဘယ် အယ်လ်-ရှိတ်မှသည် ယာမွတ်ခ်မြစ်အထိ စတုရန်းကီလိုမီတာ ၂၃၅ ရှိသည့် “ဆူညံသံနည်းပါးသော ကျူးကျော်သိမ်းပိုက်မှု” (low-noise occupation) ဇုန်တစ်ခုကို လက် တွေ့တည်ဆောက်ထား သည်။ ၂၀၂၄ ဒီဇင်ဘာမှ ၂၀၂၆ ဇန်နဝါရီအတွင်း ဆီးရီးယားနယ်မြေထဲသို့ အစ္စရေး၏ ကျူးကျော်ဝင်ရောက်မှု ပေါင်း ၈၀၀ ကျော်အထိ ရှိခဲ့သည်။

စစ်ရေးလေ့လာသူများက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအနေဖြင့် ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာတို့ကို ပြတ်ပြတ်သားသား အောင်နိုင်ခြင်း မရှိသည့်အတွက် ပြည်တွင်းထောက်ခံသူများထံ “အောင်ပွဲပုံရိပ်” ရောင်းချရန် မြေယာသိမ်းပိုက်မှုကို “အောင်ပွဲရဲ့ ဘာသာစကား” အဖြစ် အသုံးချနေခြင်းဖြစ်သည်ဟုဆိုသည်။
သို့သော်လည်း စတုရန်းကီလိုမီတာ ၁,၀၀၀ ကို အခိုင် အမာထိန်းချုပ်ရန် ကြိုးပမ်းခြင်းသည် ရိက္ခာလမ်းကြောင်း၊ ခံတပ်များ၊ ကင်းစောင့်တာဝန်များနှင့် တင့်ကား/ဘူဒိုဇာများ အမြောက် အမြားလိုအပ်သဖြင့် အစ္စရေး၏ သေးငယ်သော အရန်တပ်မတော်နှင့် ဖိအားဒဏ်ခံနေရသော စီးပွားရေးကို အလွန် အမင်း ဝန်ပိစေပြီး ရန်လိုသော ပတ်ဝန်းကျင်သုံးခုနှင့် အမြဲတမ်း ပွတ်တိုက်မှုဖြစ်ကာ ရေရှည်တွင် “ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ယိုယွင်းပျက်စီးခြင်း” (structural attrition)အဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးသုံး သပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN
အစ္စရေးအစိုးရအနေဖြင့် ၎င်းတို့သတ်မှတ်ထားသည့် စစ်ပွဲရည်မှန်းချက်များ (ဟားမတ်စ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိမှုနှင့် ဓားစာခံများ အားလုံးပြန်မရသေးမှု)ကို မအောင်မြင်ခြင်းအပေါ် ဖုံးကွယ်ရန်၊ ပြည်တွင်းရှိ လက်ယာစွန်းဝါဒီများ၏ သဘောတရားရေးရာ တောင်းဆိုမှုများကို စိတ်ကျေနပ်မှုပေးရန်နှင့် နိုင်ငံတကာ၏ တာဝန်ခံမှုမှ ရှောင် လွှဲရင်း မြေပြင်တွင် အခြေအနေသစ်များကို အတင်းအဓမ္မ ဖန်တီးရန် ပထဝီဝင်ချဲ့ထွင်မှုကို ရွေးချယ်လာခြင်းဖြစ်သည်ဟု ဆိုသည်။
အယ်လ်ဂျာဇီးယား၏ ဂြိုဟ်တုဓာတ်ပုံများနှင့် ပထဝီဝင်သတင်းအချက်အလက်စနစ် (GIS) ဆန်းစစ်ချက်များအရ အစ္စရေးသည် စစ်မျက်နှာအသီးသီးတွင် လှုပ်ရှားမှုများကို တွေ့မြင်နိုင်သည်။ ဂါဇာစစ်မျက်နှာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ အပစ်အခတ်ရပ်စဲရေးအပြီးတွင် စတုရန်းကီလိုမီတာ ၂၀၀ ခန့်ကို သတ်မှတ်ရန် “အဝါရောင်မျဉ်း” (Yellow Line) ကို မိတ်ဆက်ခဲ့သော်လည်း မြေပြင်တွင် ထိုမျဉ်းထက်ကျော်လွန်ကာ ဆက်လက်တိုးချဲ့ခဲ့ရာ ဂါဇာမြောက်ပိုင်း၏ ၅၄.၇ ရာခိုင်နှုန်းကို ဝါးမြိုခဲ့ပြီး ဖြစ်သည်။ တရားဝင်စစ်ရေးဇုန်ပြင်ပရှိ ရှူဂျိုင်ယာရပ်ကွက်ကဲ့သို့သော နေရာများတွင်လည်း အဆောက်အအုံများကို ကျယ်ကျယ် ပြန့်ပြန့် သည်။ဖျက်ဆီးခဲ့ အစ္စရေးအစိုးရအနေဖြင့် ၎င်းတို့သတ်မှတ်ထားသည့် စစ်ပွဲရည်မှန်းချက်များ (ဟားမတ်စ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိမှုနှင့် ဓားစာခံများ အားလုံးပြန်မရသေးမှု)ကို မအောင်မြင်ခြင်းအပေါ် ဖုံးကွယ်ရန်၊ ပြည်တွင်းရှိ လက်ယာစွန်းဝါဒီများ၏ သဘောတရားရေးရာ တောင်းဆိုမှုများကို စိတ်ကျေနပ်မှုပေးရန်နှင့် နိုင်ငံတကာ၏ တာဝန်ခံမှုမှ ရှောင် လွှဲရင်း မြေပြင်တွင် အခြေအနေသစ်များကို အတင်းအဓမ္မ ဖန်တီးရန် ပထဝီဝင်ချဲ့ထွင်မှုကို ရွေးချယ်လာခြင်းဖြစ်သည်ဟု ဆိုသည်။
အယ်လ်ဂျာဇီးယား၏ ဂြိုဟ်တုဓာတ်ပုံများနှင့် ပထဝီဝင်သတင်းအချက်အလက်စနစ် (GIS) ဆန်းစစ်ချက်များအရ အစ္စရေးသည် စစ်မျက်နှာအသီးသီးတွင် လှုပ်ရှားမှုများကို တွေ့မြင်နိုင်သည်။ ဂါဇာစစ်မျက်နှာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ အပစ်အခတ်ရပ်စဲရေးအပြီးတွင် စတုရန်းကီလိုမီတာ ၂၀၀ ခန့်ကို သတ်မှတ်ရန် “အဝါရောင်မျဉ်း” (Yellow Line) ကို မိတ်ဆက်ခဲ့သော်လည်း မြေပြင်တွင် ထိုမျဉ်းထက်ကျော်လွန်ကာ ဆက်လက်တိုးချဲ့ခဲ့ရာ ဂါဇာမြောက်ပိုင်း၏ ၅၄.၇ ရာခိုင်နှုန်းကို ဝါးမြိုခဲ့ပြီး ဖြစ်သည်။ တရားဝင်စစ်ရေးဇုန်ပြင်ပရှိ ရှူဂျိုင်ယာရပ်ကွက်ကဲ့သို့သော နေရာများတွင်လည်း အဆောက်အအုံများကို ကျယ်ကျယ် ပြန့်ပြန့် သည်။