(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၃

ရုရှားနိုင်ငံက ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားတစ်ဦးကို ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ခြင်း သည် နှစ်နိုင်ငံကြား ကောင်းမွန်သော ဆက်ဆံရေး၏အစဖြစ်လာမည်ဟု မျှော်လင့် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
ရုရှားအစိုးရသည် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတရားဝင် ကုန်ကူးမှုနှင့် လက်ဝယ် ထားရှိမှုတို့ဖြင့် ထောင်ဒဏ် ၁၄ နှစ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မာ့ဖိုဂျယ်အား နှစ်နိုင်ငံကြား သဘော ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
ရုရှားအစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်သည် အလွန်တရားမျှတမှုရှိပြီး လက်တွေ့ဆန်သည့် သဘောတူညီချက်ဖြစ်ကြောင်း ထရမ့်က ပြောသည်။ နောက်ပိုင်းတွင် ထရမ့်သည် ရုရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မာ့ဖိုဂျယ်အား သွားရောက်တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် မာ့ဖိုဂျယ် က ရုရှားသမ္မတ ဗလာဒီမာပူတင်အား ကျေးဇူးတင်ရှိ ကြောင်း ပြောြကားခဲ့သည်။
မာ့ဖိုဂျယ်သည် မော်စကိုမြို့ရှိ အန်ဂလို-အမေရိကန် စာသင်ကျောင်းတစ်ကျောင်းတွင် ဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးတွင်လည်း အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
၂၀၂၁ ခုနှစ် မေလတွင် မော်စကိုမြို့ရှိ ရှယ်ရီမက်ယီဗိုလေဆိပ်၌ ရုရှားအာဏာပိုင်များက ၎င်းထံတွင် ဆေးခြောက်များကို တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ရုရှားနိုင်ငံ၏ချစ်ကြည်မှုကို တုံ့ပြန်သည့်အနေဖြင့် ထရမ့်နှင့် ၎င်း၏ အကြံပေးများက အမေရိကန်ပြည်ထောင်စုတွင် အကျဉ်းကျခံရသည့် ရုရှားနိုင်ငံသားတစ်ဦးကို ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း ထရမ့်၏အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝေါ့ က ပြောကြားခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews