ထရန့်မိသားစုနှင့် အငြင်းပွားမှု​ဖြစ်ပွားနေ​သော ရုပ်သံအစီအစဉ် တင်ဆက်သူ ဂျင်မီ ကင်မဲလ် (Jimmy Kimmel)ကို အလုပ်ထုတ်ရန် သမ္မတ တောင်းဆို

(နိုင်ငံတကာ)ဧပြီ ၂၈

     ​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သမ္မတကတော် မီလန်နီယာထရန့်တို့သည် ညနှောင်းပိုင်း ဟာသအစီအစဉ် တင်ဆက်သူ ဂျင်မီကင်မဲလ် (Jimmy Kimmel)ကို ရာထူးမှ ထုတ်ပယ်ရန် ABC ရုပ်သံကွန်ရက်ကို ဖိအားပေးလျက်ရှိပြီး၊ ယင်းမှာ မကြာသေးမီက ဖြစ်ပွားခဲ့သော အိမ်ဖြူတော်သတင်း ထောက်များ ညစာစားပွဲ ပစ်ခတ်မှုဖြစ်စဉ်နှင့် ဆက် နွှယ်ကာ တင်းမာမှုများ အရှိန်မြင့်လာခြင်း ဖြစ်သည်။

​     အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဂျင်မီကင်မဲလ်က ၎င်း၏အစီအစဉ်၌ သမ္မတကတော် မီလန်နီယာကို “ကျွန်တော်တို့ရဲ့ သမ္မတကတော် မီလန်နီယာလည်း ဒီမှာ ရှိနေပါတယ်။ မီလန်နီယာကို ကြည့်လိုက်ပါဦး၊ သိပ်လှတာပဲ။ မစ္စစ်ထရန့်၊ ခင်ဗျားမှာ (ခင်ပွန်းသေဆုံးတော့မယ့်) မုဆိုးမလောင်း တစ်ယောက်လိုမျိုး တောက်ပနေတဲ့ အလှမျိုး ရှိတယ်နော်”ဟု နောက်ပြောင်ပြောဆိုခဲ့ရာမှ ပြဿနာ စတင်ခဲ့ခြင်းဖြစ်သည်။ သမ္မတမိသားစုက ယင်းပြောကြားချက်မှာ သမ္မတကို လုပ်ကြံသတ်ဖြတ်ရန် လှုံ့ဆော်မှုဖြစ်သည်ဟု ယူဆကာ ဒေါသထွက်ခဲ့ကြသည်။

     သမ္မတကတော် မီလန်နီယာထရန့်က”ကင်မဲလ်လို လူမျိုးတွေဟာ အမုန်းတရားတွေ ဖြန့်ဝေဖို့ ကျွန်မတို့အိမ်ထဲကို ညတိုင်း ဝင်ရောက်ခွင့်မရသင့်ဘူး” ဟု ဆိုကာ ABC အနေဖြင့် အရေးယူရန် တောင်းဆိုခဲ့သည်။ ဒေါ်နယ်ထရန့် ကလည်း ကင်မဲလ်၏ ပြောကြားချက်မှာ အကြမ်းဖက်ရန် လှုံ့ဆော်မှုဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး ABC နှင့် ၎င်း၏ မိခင်ကုမ္ပဏီ Disney တို့အနေဖြင့် ကင်မဲလ်ကို ချက်ချင်း အလုပ်ထုတ်ပစ်သင့်သည်ဟု ဖိအားပေးခဲ့သည်။

​     သမ္မတထရန့်သည် ကင်မဲလ်နှင့်သာမက အခြားသော မီဒီယာများနှင့်လည်း ထိပ်တိုက်တွေ့လျက်ရှိသည်။ မကြာသေးမီက CBS သတင်းဌာနမှ နိုရာ အိုဒေါ်နယ်လ်နှင့် အင်တာဗျူးရာတွင်လည်း ၎င်းအား ပစ်မှတ်ထားတိုက်ခိုက်သူ၏ ကြေညာစာတမ်းကို ဖတ်ကြားပြသည့်အတွက် အိုဒေါ်နယ်လ်ကို “အရှက်မရှိသူ” ဟု ပြင်း ထန်စွာ တုံ့ပြန်ခဲ့သည်။

​     လက်ရှိတွင် ထရန့်၏ မဟာမိတ်ဖြစ်သူ ဒေးဗစ် အယ်လီဆန် ပိုင်ဆိုင်သော Paramount Skydance ကုမ္ပဏီသည် CNN နှင့် Warner Bros ကဲ့သို့သော မီဒီယာကုမ္ပဏီကြီးများကို ဝယ်ယူရန် ကြိုးပမ်းနေသည်။အကယ်၍ အောင်မြင်ခဲ့ပါက အမေရိကန် မီဒီယာလောကအတွင်း “ကြီးမားသော ပြုပြင်ပြောင်းလဲမှုများ” ပြုလုပ်သွားမည်ဟု သမ္မတထရန့်အား ကတိပြုထားကြောင်း သတင်းများက ဆိုသည်။

​#Trump #JimmyKimmel #Melania #MediaWar #ABC #CBS #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN