ရန်ကုန် – မော်လမြိုင်ခရီးစဉ်ကို EV တက္ကစီများနဲ့ စတင်ပြေးဆွဲ


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၃

ရန်ကုန် – မော်လမြိုင်နဲ့ မော်လမြိုင်- ရန်ကုန် ခရီးစဉ်တွေကို EV တက္ကစီတွေနဲ့ တစ်ဦးချင်းဝန်ဆောင်မှုအပြင် စင်းလုံးဌားဝန်ဆောင်မှုတွေနဲ့ပါ ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ပြေးဆွဲနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီခရီးစဥ်တွေ စတင်ပြေးဆွဲခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ကနေ ၁၅ ရက်အထိကို Promotions ကာလအဖြစ် သတ်မှတ်ကာ ခရီးသည်တစ်ဦးကို ၂၅,၀၀၀ ကျပ်နှုန်းနဲ့ ပြေးဆွဲပေးနေပါတယ်။

Promotions ကာလကုန်ဆုံးသွားရင်တော့ နောက်ခန်းက ၅ဝ,ဝဝဝ ကျပ်နဲ့ ရှေ့ခန်းက ၆ဝ,ဝဝဝ ကျပ် ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီခရီးစဥ်တွေနဲ့ပတ်သက်လို့ EV ယာဉ်လိုင်းကုမ္ပဏီ ဘက်ကတော့ ခရီးစဉ်/အစအဆုံးသက်တောင့်သက်သာ စီးနင်းလိုက်ပါနိုင်ခြင်း၊ A/Cကို ခရီးအစအဆုံးရရှိခြင်း၊ ဆူညံမှုကင်းဝေးကာသက်တောင့်သက်သာ စီးနင်းနိုင်ခြင်း၊ အိမ်တိုင်ရာရောက် ကြိုပို့ပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေလည်း ပေးနေပြီလို့ ပြောဆိုထားပါတယ်။

အဆိုပါ EV Taxi ဂိတ်တွေကတော့ ရန်ကုန်မြို့မှာဆိုရင် သခင်မြပန်းခြံ၊ အထက်ကြည့်မြင်တိုင်လမ်း ဝင်ပေါက်မှာ သတ်မှတ်ထားပြီး မော်လမြိုင်မြို့မှာတော့ အမှတ် (၄၁/က)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြိုင်သာယာရပ်မှာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN