(ပြည်တွင်း) ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃၀ လမ်း၊ ၇၃×၇၄ လမ်းကြားရှိ ဆေးတက္ကသိုလ်(မန္တလေး)ရှေ့ လမ်း ၃၀ ပလက် ဖောင်းပေါ်တွင် “သွေးမအေးတဲ့ မန္တလေး” စာသားပါ ဆိုင်းဘုတ် ၁ ခု ထောင်ထားကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က ချမ်းအေးသာစံမြို့နယ် ၇၃×၇၄ လမ်းကြား၊ လမ်း ၃၀ တောင်ဘက်ခြမ်း ပလက်ဖောင်းပေါ်၊ ဆေးတက္ကသိုလ် (မန္တလေး)၏ မြောက်ဘက်ခြမ်းရှိ ဝင်/ထွက်ပေါက် ၂ ခုအကြားနေရာတွင် အလျား ၃ ပေ၊ အနံ ၂ ပေခန့်ရှိ ဆေးအနက်ရောင်သုတ်ထားသည့် ထောက်တိုင်ပါ သစ်သားဆိုင်းဘုတ်ပေါ်တွင် စတစ်ကာအနီရောင်ဖြင့် စာလုံးဖောက်ကာ ကပ်ထားသည့် “သွေးမအေးတဲ့ မန္တလေး” စာသားပါ သစ်သားဆိုင်းဘုတ်အား ပလက်ဖောင်းပေါ်ချ၍ ထောင်ထားကြောင်းတွေ့ရှိရသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews