(အားကစား) ဖေဖော်ဝါရီလ ၇

နည်းပြအလွန်ဆိုကို စာချုပ်ပြည့်တဲ့အထိ ဆက်လက်ထိန်းထားဖို့ ကြိုးစားသွားမယ်လို့ လေဗာကူဆင်အသင်း ဒါရိုက်တာ ရူဖက်စ် က ပြောကြားလိုက်ပါတယ်။
ဒါ့ကြောင့် ရီးရဲလ်အသင်းအနေနဲ့ နည်းပြ အန်ဆလော့တီရဲ့နေရာမှာ အစားထိုးဖို့အတွက် အလွန်ဆို ကို ခေါ်ယူရန်ကြိုးစားမှုက ပိုမိုခက်ခဲဖွယ် ရှိနေပါတယ်။
ရီးရဲလ်အသင်းရဲ့ နည်းပြ အန်ဆလော့တီ ဟာ အခုရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေတာကြောင့် ရီးရဲလ်အသင်းဟာ စပိန်လူမျိုးနည်းပြ အလွန်ဆို ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။
နည်းပြ အလွန်ဆို အပြင် ရီးရဲလ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဖလိုရီယန်ဝှစ် ကိုပါ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ရူဖက်စ် က အလွန်ဆို နဲ့ ဝှစ် တို့ဟာ အသင်းနဲ့ စာချုပ်သက်တမ်းရှိသူတွေဖြစ်ကြသလို လက်ရှိအချိန်အသင်းမှာလည်း အဆင်ပြေနေပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
အသင်းရဲ့ရှေ့ဆက်သွားမယ့် အစီအစဉ်တွေမှာ သူကဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို နည်းပြ အလွန်ဆို သိရှိထားပြီးဖြစ်တယ်လို့ ရူဖက်စ် က ဆက်လက်ပြော ကြားသွားခဲ့ပါတယ်။
ရီးရဲလ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ရှိနေတဲ့ နည်းပြအန်ဆလော့တီကို စီးရီးအေကလပ် ရိုးမားအသင်းက နည်းပြခန့်ဖို့ စီစဉ်နေပြီး အန်ဆလော့တီ ကိုယ်တိုင်ကလည်း သူ့အနာဂတ်နဲ့ပတ်သက်လို့ အတိအကျမပြောနိုင်ဘူးလို့ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ပြောကြား ထားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews