ယာထဲသွားတဲ့ တောင်သူနှစ်ဦး အကြမ်းဖက်သမားတွေထောင်ထားတဲ့မိုင်းနင်းမိလို့ ဒဏ်ရာရ


(ပြည်တွင်း) ဖေဖော်ဝါရီ ၆

ယာထဲသွားတဲ့ ပွင့်ဖြူမြို့နယ် ၊ ဖလံကျင်းကျေးရွာက တောင်သူနှစ်ဦးဟာ အကြမ်းဖက်သမားတွေထောင်ထားတဲ့မိုင်းနင်းမိတာကြောင့် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ် ၊ ဖလံကျင်းကျေးရွာက ကိုကျော်ဌေးဝင်းနဲ့ ကိုဇင်မင်းထွန်း နှစ်ဦးဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက ယာထဲကို အသွား ရွာတောင်ဘက် သနပ်ခါးခြံ လမ်းဘေးအရောက်မှာ အကြမ်းဖက်သမားတွေထောင်ထားတဲ့ မိုင်းမိ ပေါက်ကွဲတာကြောင့် ဒဏ်ယာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ကိုကျော်ဌေးဝင်း ရဲ့ပေါင်မှာပြင်းထန် ဒဏ်ယာရရှိခဲ့သလို မျက်နှာနဲ့ လက်တွေမှာလည်း ဒဏ်ရာရရှိပြီးခဲ့တာကြောင့် ပွင့်ဖြူပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN