(ပြည်တွင်း) ဖေဖော်ဝါရီ ၆

ချင်းအကြမ်းဖက်သောင်းကျန်းသူတွေစိုးမိုးထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်မြေတွေမှာ ဝမ်းရောဂါအပြင်းအထန်ဖြစ်ပွားနေတာကြောင့် ရာပေါင်းများစွာဖြစ်ပွားနေပြီး သေဆုံးမှုမြင့်မားလာသလို ရောဂါဖြစ်ပွားသူလည်း တိုးလာတယ်လို့ သိရပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်တွေဖြစ်ကြတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်တို့မှာ ရာပေါင်းများစွာရှိတဲ့ ဒေသခံပြည်သူတွေဟာ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကာလဝမ်းသံသယာရောဂါ ဖြစ်နေပြီး ဆေးဝါးမလုံလောက်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ချင်းကောင်စီဆိုတာလဲဘယ်မှာမှန်းမသိဘူး ပြည်သူ့အုပ်ချုပ်ရေးဆိုတဲ့အဖွဲ့တွေရှိဘူး၊ ဆေးလည်းမရှိဘူး ဘယ်ကိုသွားရမှန်းလည်းမသိဘူး။ ဒေသကဆေးမှီးတိုတွေနဲ့ကုနေရတယ်၊ သေတဲ့သူတွေလည်း တစ်နေ့နဲ့တစ်နေ့များလာတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မင်းတပ်မြို့နယ်အတွင်းမှာ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ကာလဝမ်းသံသယာရောဂါဖြစ်ပွားနေသူ ၁၄၃ ဦး၊ မတူပီမြို့နယ်မှာ ၁၉၀ ဦး၊ ကန်ပက်လက်မြို့နယ်မှာ ၂၄ဦး နဲ့ ပလက်ဝမြို့နယ်မှာ ၁၂၄ ဦး အားလုံးပေါင်း ၄၈၁ ဦးရှိနေတယ်လို့ ချင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြနေပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်တွေကို ရခိုင်လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ AA ၊ ချင်းကောင်စီနဲ့ ချင်းလက်နက်ကိုင် CDF တွေက ပစ်ခတ်ထိန်းချုပ်ခဲ့ပြီးနောက် အစာရေစာပြတ်လတ်တာတွေ သန့်ရှင်းတဲ့ရေမရှိတာတွေအပြင် ဝမ်းရောဂါတွေပါဖြစ်ပွားလာတာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews