(နိုင်ငံတကာ) ဖေဖော်ဝါရီ ၃

ငါးနှစ်ကြာ ပိတ်ပင်ခံခဲ့ရသော တရုတ်ဖက်ရှင်ကုမ္ပဏီကြီးကို အိန္ဒိယမှ ပြန်လည်ခွင့်ပြုခဲ့ကြောင်းသိရသည်။
အိန္ဒိယကုမ္ပဏီ Reliance Retail နှင့် သဘောတူညီမှုရရှိပြီးနောက် တရုတ်၏ Shein ဖက်ရှင် ကုမ္ပဏီသည် အိန္ဒိယဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။
Shein Fast Fasion အက်ပလီကေးရှင်းအား ပြန်လည်ခွင့်ပြုခဲ့သော်လည်း အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်သိမ်းဆည်းခြင်းအပါအဝင် တင်းကြပ်သော စည်းကမ်းချက်များ သဘောတူညီခဲ့ရကြောင်း အိန္ဒိယအာဏာပိုင်များကဆိုသည်။
၂၀၂၀ ခုနှစ်တွင် Shein Fast Fasion အက်ပလီကေးရှင်း အပါအဝင် တရုတ်နိုင်ငံအခြေစိုက် အက်ပလီကေးရှင်း ဒါဇင်ပေါင်းများစွာအား ပိတ်ပင်ခဲ့သည်။
Shein သည် လက်ရှိတွင် Delhi၊ Mumbai နှင့် Bengaluru မြို့များရှိ ဝယ်ယူသူများထံ အရောက်ပို့ပေးနေပြီး မကြာမီတွင် India နိုင်ငံတစ်ဝှမ်း ဝန်ဆောင်မှုများကို ပေးဆောင်သွားမည်ဖြစ်ကြောင်း ၎င်းအက်ပလီကေးရှင်းပေါ်မှ အသိပေးချက်တစ်ခုအရ သိရသည်။
Telegram»…
https://t.me/positiveanglenews