“သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော် သမိုင်းအချက်အလက်နှင့်ဘုရားဖူးလမ်းညွှန်ပြခန်းဖွင့်လှစ်”

(ပြည်တွင်း) ဇန်နဝါရီ ၂၈

သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်ကြီး၏ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော သမိုင်းဝင်အချက်အလက် များ၊ သာသနိကအဆောက်အအုံများကို အများပြည်သူသိရှိစေရန်ရည်ရွယ်ပြီး Pagoda Directory Station (ဘုရားဖူး လမ်းညွှန်နှင့် သမိုင်းအချက်အလက်များပြသခြင်း)၊ အဆောက်အအုံ တပ်ဆင်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စေတီတော်ကြီး၏ အာရုံခံတန်ဆောင်းမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့ဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ သဘာပတိ ဦးခင်မောင်အေး က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက် Pagoda Directory Station အဆောက်အအုံ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး Pagoda Directory Station အဆောက်အအုံဆောက်လုပ်ထားမှုများကို တာဝန်ရှိသူများက သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်ကြီး ကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

#PAN #သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်ကြီး # Pagoda_Directory_Station