(ပြည်တွင်း) ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မုံရွာ-မန္တလေးသွား ကားလမ်းအနီး မိုင်းထောင်နေသော အကြမ်းဖက် PDF များအား ပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြင်းမူမြိုနယ်၊ မုံရွာ-မန္တလေးသွား ကားလမ်းအနီးတွင် ယမန်နေ့ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် မိုင်းထောင်နေသော အကြမ်းဖက် PDF များအားတွေ့ရှိ ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ ကျည်အိမ် ၁ ခု၊ ရီမု ၁ ခု၊ ဆားကစ်ပြား ၁ ခုတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူများ သွားလာသော ခမ်းတံတားများအား မိုင်ထောင်ဖျတ်စီးခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews