စိတ်ကျန်းမာရေးမကောင်းသူ မိခင်ဖြစ်သူမှ ၄ နှစ်အရွယ် သမီးအား သတ်ပြီး ကြိုးဆွဲချသေဆုံး


(မှုခင်း) ဇန်နဝါရီ ၂၀

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းအုပ်စု၊ ရွာသစ်ကျေးရွာတွင် သားမိနှစ်ဦး နေအိမ်တွင် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ဒေါ်သိန်းမူ၊ ၄၀ နှစ်၊ (ဘ)ဦးစိန်ကြီး ရွာသစ်ကျေးရွာနေသူသည် ၎င်းနေအိမ် အပေါ်သစ်သားထုပ်တန်းအား အစိမ်း၊အနီ၊ အပြာရောင် ပလတ်စတစ်ကျစ်ကြိုးအားချည်၍ ကြိုးစတစ်ဘက်တွင် လည်ပင်းအားချည်နှောင်ကာ ကြိုးတန်းလန်းဖြင့် ကြမ်းခင်းပေါ်တွင် ခြေဖျားထောက်၊ ဒူးကွေး၊လျှာထွက်၊ ယာဘက်လက်ချောင်းများတွင် သွေးစများ၊ လည်ပင်းကြိုးကွင်းရာဖြင့် အရှေ့ဘက်သို့ မျက်နှာမူကာ သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ဒေါ်သိန်းမူ၏ အရှေ့ဘက် အိပ်ယာထဲတွင် ၎င်း၏ သမီး မသီရိဇော်၊ ၄ နှစ်၊ (ဘ)ဦးမင်းဇော်သည် ဘေးတစောင်းအနေအထားဖြင့် တောင်ဘက်သို့ လှည့်ကာ လည်ပင်းတွင် ဓါးဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးနေကြောင်း ဒေါ်သိန်းမူ၏ အဒေါ်ဖြစ်သူ၏ပြောကြားချက်အရ သိရသည်။

၎င်းနေအိမ်တွင် သေဆုံးသူ ဒေါ်သိန်းမူ(စိတ်ကျန်းမာရေးမကောင်းသူ)၊ ဒေါ်သိန်းမူ၏ မိခင်ဒေါ်မြင့်အေး(စိတ်ကျန်းမာရေးမကောင်းသူ)၊ သေဆုံးသူ မသီရိဇော်တို့ (၃)ဦးနေထိုင်ကြကြောင်း၊ ဒေါ်သိန်းမူသည် ၎င်းကိုယ်တိုင် သမီး မသီရိဇော်အား ဓါးဦးချွန်ဖြင့် အရင်ထိုးသတ်ပြီးမှ ၎င်းကိုယ်တိုင် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်သိန်းမူနှင့် မသီရိဇော်တို့ အလောင်းအား နာရေးကူညီမှုယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN