လေကြောင်းကချတဲ့ဗုံး AA သင်တန်းကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ၆၀ ထက်မနည်း သေဆုံး

ဂွမြို့နယ် ဆတ်သွားကျေးရွာက AA ခေါင်းဆောင်ပိုင်းတစ်ချို့နေထိုင်တဲ့အိမ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် အိမ်ပေါ်မကျပဲ သင်တန်းကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့လို့ AA စစ်သင်တန်းသားသစ် ၆၀ ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ဆတ်သွားကျေးရွာအုပ်စု ဆတ်သွားကျေးရွာက နေအိမ်တစ်လုံးမှာ ရခိုင်လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ AA ရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ AA အဖွဲ့တွေ အုပ်စုဖွဲ့နေထိုင်နေတယ်ဆိုတဲ့ သတင်းအရ ဇန်နဝါရီ ၁၆ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ပေးမယ့် နေအိမ်ပေါ်မကျပဲ အနီးအနားက သင်တန်းကျောင်းပြုလုပ်ထားတဲ့နေရာအပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ သင်တန်းတက်နေတဲ့ AA အဖွဲ့ဝင်သစ် ၆၀ ထက်မနည်း သေးဆူံးသွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်က PAN ကိုပြောပါတယ်။

“စစ်ရှောင်နေတဲ့အိမ်မှာနေကြတာ လေယာဉ်ကအဲ့ဒီအိမ်ပေါ်ပစ်ချတာ ဒါပေမယ့် ဗုံးက အိမ်ပေါ်မကျပဲ အဲ့ဒီအနားက သင်တန်းကျောင်းလုပ်ထားတဲ့နေရာပေါ်တည့်တည့်ကျတာ ရှင်ရင်တောင် နည်းနည်းပဲရှင်မယ် ရှင်တဲ့သူလည်း အခြေအနေမကောင်းလှဘူး”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ AA တွေက သူတို့နေထိုင်နေတယ်ဆိုတဲ့နေရာတွေကို စစ်တပ်ကိုသတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆတ်သွားကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်နဲ့ ရာအိမ်မှူးတစ်ဦးရဲ့နေအိမ်အပြင် ဂျိုင်ကောက်ကျေးရွာမှာနေထိုင်တဲ့ တပ်မတော်ကဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးရဲ့ဖခင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း သတင်အရင်းအမြစ်က ဆိုပါတယ်။

ဒါ့အပြင် ဂွမြို့နယ် ၊ဆတ်သွားကျေးရွာနဲ့ သံတွဲမြို့ပေါ်ရပ်ကွက်တွေက AA အကြမ်းဖက်တွေ ခိုအောင်းနေတဲ့နေရာတွေနဲ့ ပစ္စည်းတင်ဆောင်လာတဲ့ AA ရဲ့မော်တော်ယာဥ်တွေကို သတင်းအရ တပ်မတော် လေက ဇန်နဝါရီ ၁၇ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ AA အကြမ်းဖက် ထိခိုက်သေဆုံးရှိခဲ့တယ်လို့လည်း ပြောပါတယ်။

သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်အရ ဇန်နဝါရီ ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ ဂွမြို့နယ်မှာတိုက်ပွဲတွေငြိမ်နေပြီး ရခိုင်လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ AA တွေဟာ ဂွမြို့ကနေ မိုင်၂၀ အကွာ ဧရာဝတီတိုင်းနယ်စပ်ကို သွားရောက်နေကြတယ်လို့ ပြောဆိုထားကြတာဖြစ်ပါတယ်။

#PAN #BGF #AA #ဂွ