(နိုင်ငံတကာ) ဇန်နဝါရီ ၂၀
နာမည်ကျော် အိန္ဒိယသရုပ်ဆောင် Saif Ali Khan ကို ဓားဖြင့်ထိုးမှုဖြင့် လူတစ်ဦးဖမ်းဆီးခံရကြောင်းသိရသည်။
အိန္ဒိယကြယ်ပွင့်သည် နေအိမ်တွင် ရှိနေစဉ် ကျူးကျော်ဝင်ရောက်လာကာ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်ခံရမှုကြောင့် Saif Ali Khan သည် ချက်ချင်းခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းသိရသည်။
အိန္ဒိယအာဏာပိုင်များသည် အဓိက သံသယရှိသူတစ်ဦးဖြစ်သည့် Mohammad Shariful Islam Shehzad ကို ဖမ်းဆီးခဲ့ပြီး သံသယရှိသူမှာ အိန္ဒိယတွင် တရားမဝင်နေထိုင်သည့် ဘင်္ဂလားဒေ့ရှိနိုင်ငံသား တစ်ဦးဖြစ်ကြောင်းသိရသည်။
မစ္စတာ Shehzad ရဲ့ ရှေ့နေက စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မဟုတ်ကြောင်းငြင်းဆိုထားသည်။
Saif Ali Khan သည် ဓားဖြင့် ၆ ချက်အထိုးခံခဲ့ရပြီးနောက် လူနေထူထပ်သည့် မွမ်ဘိုင်းမြို့၏ လုံခြုံရေးအခြေအနေအား မီဒီယာများမှ မေးခွန်းထုတ်ခဲ့ကြသည်။
Telegram»…
https://t.me/positiveanglenews