(ပြည်တွင်း) ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး ချောက်မြို့၌ စွယ်တော်မြတ်စေတီပုံစံတူ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
ဉာဏ်တော်အမြင့် ၈၁ ပေရှိ စွယ်တော်မြတ်စေတီပုံစံတူကို ချောက်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နှင့်ကျေးရွာများမှ အများပြည်သူများ ဖူးမြော်နိုင်ရေးအတွက် ချောက်မြို့တွင် တည်ထားသွားမှာကြောင်း ဝန်ကြီးဌာနထံမှ စေတီတော် တည်ထားကိုးကွယ်မည့် အခြေအနေကိုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၀ ရက်နေ့က သွားရောက်ကြည့်ရှုကြောင်း သိရသည်။
စွယ်တော်မြတ်စေတီတော် ပုံတူစေတူကို ချောက်မြို့ အမှတ်(၅)ရပ်ကွက် ကွင်းအမှတ် ၂၂၉၃ ရှိ မြေ ၂၀ ဒသမ ၀၈ ဧကပေါ်တွင် စေတီတော်တည်ဆောက် မည်ဖြစ်ပြီး စေတီတော်အား အများပြည်သူလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။
#PAN #စွယ်တော်မြတ်စေတီ #ချောက်