(နိုင်ငံတကာ) ဇန်နဝါရီ ၁၀
အမေရိကန်စစ်လေယာဉ်များသည် ယီမင်နိုင်ငံမြောက်ပိုင်းရှိ ဟူသီအဖွဲ့၏စစ်စခန်းများကို ဇန်နဝါရီလ ၈ ရက် က လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ယီမင်အစိုးရတပ်ဖွဲ့မှ စစ်ဘက်အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများသည် အမ်ရန်ပြည်နယ်ဟတ်ဖ်ဆက်ရန်ခရိုင်နှင့် ဆာနားမြို့တော်တောင်ဘက် ဆန်ဟန်ခရိုင်ရှိ အဓိက ကာကွယ်ရေးဆိုင်ရာတည်နေရာများကို ပစ်မှတ်ထားခဲ့ ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုပမာဏနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြောကြားခြင်း မရှိပေ။
ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် နေရာ အချို့သည် ဟူသီအဖွဲ့၏မြေအောက်လက်နက် သိုလှောင်ရုံများဖြစ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ဟူသီအဖွဲ့သည် တောင်ပိုင်းပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ရှိ အမေရိကန်ရေတပ် စစ်သင်္ဘောများနှင့် ကုန်သည် သင်္ဘောများကို တိုက်ခိုက်ရန် အဆိုပါ အဆောက်အအုံများကို အသုံးပြုခဲ့သည်။
တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဟူသီအဖွဲ့က ချက်ချင်း မှတ်ချက်ပေးခြင်း မရှိသေးပေ။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ကတည်းက ဟူသီများသည် အစ္စရေးနိုင်ငံရှိ မြို့များကို ဒုံးလက်နက်များအပါအဝင် ဒရုန်းများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ပင်လယ်နီတွင် အစ္စရေးနှင့်ဆက်နွှယ်သော သင်္ဘောများကိုလည်း ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဟူသီ၏လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါဒေသတွင် တပ်စွဲထား သည့် အမေရိကန်ဦးဆောင်သော ရေတပ်ညွန့်ပေါင်းအဖွဲ့သည် ဟူသီလက်နက်ကိုင်အဖွဲ့အား ဟန့်တားရန် အတွက် ယခုနှစ် ဇန်နဝါရီလကတည်းက ဟူသီပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်လျက် ရှိကြောင်း NHK သတင်းဌာနတွင် ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews