(အားကစား) ဒီဇင်ဘာ ၂၆
စီးရီးအေကလပ် မွန်ဇာအသင်းက နည်းပြ နက်စတာ ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ဘိုချက်တီ ကို အစားထိုးခန့်အပ်ခဲ့ပါတယ်။ နည်းပြ နက်စတာ က ယခုနှစ် နွေရာသီကမှ မွန်ဇာအသင်းနည်းပြဖြစ်လာပြီး ယခုရာသီ ၁၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရကာ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်နေတာကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
အစားထိုးခန့်အပ်ခံရသူ ဘိုချက်တီမှာ ၂၀၂၂ ခုနှစ်က ဗီရိုနာအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ နည်းပြအတွေ့အကြုံ သာရှိပြီး ယင်းယာယီကိုင်တွယ်သည့် ခြောက်ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews