ညစ်ညမ်းစာများဖော်ပြပါရှိသည့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား အရေးယူဆောင်ရွက်ခဲ့


(ပြည်တွင်း) ဒီဇင်ဘာ ၂၅

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်များနှင့် ငြိစွန်းတဲ့ ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများ ကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုထုတ်ပြန်ချက်တွင် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်မရှိဘဲ ပုံနှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်သူ ဒေါ်အေးမြတ်မွန် ၏ Yangon Printing Service နှင့် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ်တိုက်-၀၃၂၉၅)တို့မှ ပုံနှိပ်၊ ထုတ်ဝေသော မြမိုရ်ရေးသားတဲ့ “မေတ္တာနှောင်သီ ချစ်ကြိုးချည်” နှင့် စာရေးသူ DIDI ZAW ရေးသားသည့် “Match Made in Clouds” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်း သော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြချက်များကို တွေ့ရှိရ ပါတယ်။

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ပါ စည်းကမ်းချက်ကို ဖောက်ဖျက် ကာ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့်အတွက် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ်တိုက်-၀၃၂၉၅) ၏ ထုတ်ဝေ ခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ရုပ်သိမ်းခဲ့ပြီး ယင်းစာ အုပ်များအား တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါကြောင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာ များကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့်အညီ တရားစွဲ ဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန် ထားကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN