(နိုင်ငံတကာ) ဒီဇင်ဘာ ၂၅
တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်းရှိ ခဲယမ်းမီးကျောက် ထုတ်လုပ်စက်ရုံတစ်ရုံ၌ ဒီဇင်ဘာလ ၂၄ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦးသေဆုံးခဲ့ပြီး လေဦးဒဏ်ရာရရှိခဲ့သည်။
ခဲယမ်းမီးကျောက်ထုတ်လုပ်ရေး စက်ရုံ ပေါက်ကွဲမှုဖြစ်ပွားရခြင်း ၏အကြောင်းရင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်နေကြောင်း တူကီယဲ ပြည်ထဲရေး ဝန်ကြီး အလီယာ လီကာယာ က ကြေညာထားသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ခဲယမ်းမီးကျောက် ထုတ်လုပ်ရေး စက်ရုံမှာ ဘာဂျီကီဆာ ပြည်နယ် ကာဗာကလီအမည်ရှိ ကျေးရွာအနီး တည်ရှိသည်။ ခဲယမ်းမီးကျော်စက်ရုံ ပေါက်ကွဲမှုမှာ အဖျက်အမှောင့်လုပ်ရပ်ကြောင့် ဖြစ်ပွားခဲ့သည့် လက္ခဏာမျိုး မတွေ့ရ ကြောင်း တူကီယဲတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ ခဲယမ်းမီးကျောက် ထုတ်လုပ်ရေးစက်ရုံသည် ပြည်တွင်း ဈေးကွက်နှင့်ပြည်ပဈေးကွက်များအတွက် ခဲယမ်းဖောက်ခွဲရေးပစ္စည်းများနှင့် မီးကျည်များ ထုတ်လုပ် နေသည့် စက်ရုံဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းစက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း မီးသတ် သမားများက ထိန်းချုပ်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews