ဝေါမြို့ X-Rayဂိတ်စစ်ဆေးရေးဂိတ်တွင် သံတို-သံစ (အဟောင်း)များတင်ဆောင်လာသော(၆)ဘီးယာဥ်အားစစ်ဆေးရာ မူးယစ်ဆေးဝါးမြောက်များစွာ ရှာဖွေစစ်ဆေးတွေ့ရှိ


(မှုခင်း) ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ X-Rayစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၅း၃၀)နာရီအချိန်ခန့်က တောင်ကြီးဘက်မှမောင်းနှင်လာသော သံတို/သံစ(အဟောင်း)များတင်ဆောင်လာသည့် TOYOTA DYNAအမျိုးအစား(၆)ဘီးယာဥ်အား X-Rayစက်ဖြင့် ပုံရိပ်ဖော်စစ်ဆေးခဲ့ရာ ယာဥ်ပေါ်တွင်သံတို/သံစ (အဟောင်းများ)အောက်မှ သံသေတ္တာ(၆)လုံးဖြင့် သိုဝှက်သယ်ဆောင်လာသော မူးယစ်ဆေးဝါးများ အမြောက်အများအား ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိမှုမှာ(၁)ပထမသံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WYစာတန်းပါ ပန်းရောင်ဆေးပြား(၁၀၀၀၀)စီပါအထုပ်ကြီး(၁၁၂)ထုပ်၊ စုစုပေါင်း ဆေးပြား(၁၁၂၀၀၀၀)ပြား၊ အလေးချိန်(၁၁၂)ကီလိုဂရမ်ခန့်၊ (၂)ဒုတိယသံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WYစာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀)စီပါအထုပ်ကြီး(၁၁၂)ထုပ်၊ စုစုပေါင်းဆေးပြား(၁၁၂၀၀၀၀)ပြား၊ အလေးချိန်(၁၁၂)ကီလိုဂရမ်ခန့်၊ (၃)တတိယသံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ဟုယူဆရသော WYစာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀)စီပါအထုပ်ကြီး(၁၁၂)ထုပ်၊ စုစုပေါင်းဆေးပြား(၁၁၂၀၀၀၀)ပြား၊ အလေးချိန်(၁၁၂)ကီလိုဂရမ်ခန့်၊ (၄)စတုတ္ထသံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WYစာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀)စီပါအထုပ်ကြီး(၁၁၂)ထုပ်၊ စုစုပေါင်းဆေးပြား (၁၁၂၀၀၀၀)ပြား၊ အလေးချိန်(၁၁၂)ကီလိုဂရမ်ခန့်၊ (၅)ပဉ္ဓမသံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WYစာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀)စီပါအထုပ်ကြီး(၇၅)ထုပ်၊ စုစုပေါင်းဆေးပြား(၇၅၀၀၀)ပြား၊ အလေးချိန်(၇၅)ကီလိုဂရမ်ခန့်၊ ICE(မက်အဖီတမင်း)ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ(၁)ထုပ်လျှင် (၁)ကီလိုဂရမ်ခန့်ပါ အထုပ်ကြီး(၃၀) ထုပ်၊ အလေးချိန်(၃၀)ကီလိုဂရမ်ခန့်၊ Happy Water(စိတ်ပြောင်းဆေးဝါး)ဟုယူဆရသော အညိုရောင်အမှုန့်(၁)ထုပ်လျှင် (၁၀)ဂရမ်ခန့်စီပါ (၂၇)ထုပ်၊ အလေးချိန်(၂၇၀)ဂရမ်ခန့်၊(၁)ထုပ်လျှင်(၂၅)ဂရမ်ခန့်ပါ အညိုရောင်အမှုန့်ထုပ်(၉၆)ထုပ်၊ အလေးချိန်(၂.၄)ကီလိုဂရမ်ခန့် (၆)ဆဌမ သံသေတ္တာအတွင်းမှ ICE(မက်အဖီတမင်း)ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ(၁)ထုပ်လျှင်(၁)ကီလိုဂရမ်ခန့်ပါ အထုပ်ကြီး(၁၄၀)ထုပ်၊ အလေးချိန်(၁၄၀) ကီလိုဂရမ်ခန့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိမှုကြောင့် အမှုနှင့်ပတ်သက်သော တရားခံများနှင့် ကွင်းဆက်တရားခံများအား စုံစမ်းဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး အမှုဖွင့် စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN