တူရကီတွင် ဖောက်ခွဲရေးစက်ရုံတစ်ရုံပေါက်ကွဲပြီး ၁၂ ဦးသေဆုံး


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၄

တူရကီနိုင်ငံအနောက်ပိုင်းတွင် ဖောက်ခွဲရေးပစ္စည်းများထုတ်လုပ်သည့် စက်ရုံတစ်ရုံပေါက်ကွဲပြီး လူ ၁၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲခန့်က အဆိုပါ စက်ရုံရှိ ထုတ်လုပ်မှု အစိတ်အပိုင်းအချို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။

အဆိုပါစက်ရုံသည် အပေါ့စား လက်နက်ငယ်များနှင့် ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်သည့်နေရာဖြစ်ကြောင်းသိသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး ဖြစ်စဉ်နေရာသို့ မီးသတ်တပ်ဖွဲနှင့် ဆေးဘက်ဆိုင်ရာအကူအညီများ စေလွှတ်ထားကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN