တင်းမာမှုများ မြင့်တက်လာနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့်ခြိမ်းခြောက်ရန် မလိုဟု ပူတင် ဆို


(နိုင်ငံတကာ) ၂၄

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများမြင့်တက်လာလျက်ရှိနေသော်လည်း ပြည်သူများကို တတိယကမ္ဘာစစ်နှင့်ခြိမ်းခြောက်ရန် မလိုအပ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က Russia 1 TV သတင်းဌာန နှင့် အင်တာဗျူးတွင်ပြောသည်။ ရုရှားနှင့်ယူကရိန်းတို့၏ ပဋိပက္ခကြားတွင် အမေရိကန်က ပိုမိုဝင်ရောက်လာမှု သည် တတိယကမ္ဘာစစ်ကြီးက စနှင့်နေပြီဖြစ် သည်ဟု ဆိုလာနိုင်မည်လားဟူသော သတင်းထောက်များ၏ မေးခွန်း ကို ပူတင်က ယခုကဲ့သို့ ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

တင်းမာမှုများ မြင့်တက်လာနေသည်မှာ မှန်သော်လည်း တတိယ ကမ္ဘာစစ်ဟူသော အသုံးအနှုန်းဖြင့် ပြည်သူများကို စိုးရိမ်ထိတ်လန့်မှုများ မရှိစေလိုကြောင်း၊ ထိုကဲ့သို့သော တင်းမာမှုများကို ရုရှားကိုမလိုလားသော အဖွဲ့အစည်းများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပူတင်က ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ၎င်း၏သမ္မတသက်တမ်းနောက်ဆုံးနေ့ရက်များတွင် ယူကရိန်းသို့ စစ်လက်နက်များ အမြောက်အမြားတင်ပို့ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ သတင်းထောက်၏ ပြောဆိုမှုအပေါ် ပူတင် က ယခုကဲ့သို့ သတိပေးပြောဆိုခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် အနောက်အုပ်စု၏မည်ကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ရုရှားအနေဖြင့် အမေရိကန်အပါအဝင် မဟာမိတ် များနှင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် အသင့်ရှိနေသော်လည်း ရုရှား၏အကျိုးစီးပွားကို မထိခိုက်မှသာ ဖြစ်နိုင်ကြောင်း ပူတင် က ပြောသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN