(ပြည်တွင်း) ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ချိုင်းကျေးရွာတွင် ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ လက်ထောက်အလယ်တန်းပြ ဆရာတစ်ဦးအား အကြမ်းဖက်အဖွဲ့များမှ သတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ချိုင်းကျေးရွာတွင်နေထိုင်ပြီး ချိုင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လက်ထောက်အလယ်တန်းပြ ဆရာအဖြစ်တာဝန်ထမ်းဆောင်နေ သည့် ဦးသက်ညိုနိုင်၊ အသက် ၃၃ နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် ဒီဇင်ဘာလ ၂၁ ရက်နေ့ည ၇ နာရီ ၁၅ မိနစ်ကျော်အချိန်ခန့်၌ စိစစ်ဆဲ အကြမ်းဖက်သမား ၁၀ ဦးခန့်ရောက်ရှိလာပြီး ရွာလယ်လမ်းမပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးသက်ညိုနိုင် တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံး ခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်မှု၊ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရကြောင်းသိရပြီး ယခုချိန်ထိ အပြစ်မဲ့အရပ်သားပြည်သူ ၇၀၀၀ ကျော်အားအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါ နှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews