မန်းရွှေစက်တော်ရာဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ


(ပြည်တွင်း) ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီး၏ ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓ ပူဇနိယဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေတယ်လို့ မန်းရွှေစက် တော်ရာ ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရပါတယ်။

မန်းရွှေစက်တော်ရာဘုရားသည် မြန်မာနိုင်ငံရှိ သမိုင်းဝင်အထင်ကရဘုရားများ စာရင်းတွင် (က)အဆင့် စာရင်း ဝင် ဘုရားဖြစ်သည်နှင့်အညီ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိပြီး မန်းရွှေစက်တော်ရာဘုရား၏ ၂၀၂၅ ခုနှစ် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကိုလည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်အထိ ၇၅ တိုင် အစဉ်အလာမပျက် ကျင်းပသွားနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိနေပါတယ်။

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက မန်းရွှေစက်တော်ရာ ဘုရားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဘုရားပွဲတော်မတိုင်မီ ကြိုတင် ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး မန်းရွှေစက်တော်ရာဘုရားကြီးရှိ ဩဝါဒါစရိယ ဆရာတော်ကြီး များထံ လျှောက်ထားကာ ဩဝါဒခံယူခြင်းများကို နိုဝင်ဘာလကုန်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN