(ပြည်တွင်း) ဒီဇင်ဘာ ၂၀
CNG အရောင်းဆိုင်များတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရန် အခက်အခဲဖြစ်နေပြီး YBS ယာဉ်များသည်လည်း CNG တန်းစီနေရပြီး YBS ယာဉ်များ အပြည့်မထွက်နိုင် ဖြစ်နေကြောင်း သိရပါတယ်။
YBS ယာဉ်များ အပြည့်မထွက်နိုင်ဖြစ်နေသောကြောင့် ရုံးဝန်ထမ်း ခရီးသွားအများစုမှာ ယာဉ်ပေါ်တွင် မတန် တဆ လူများခြင်းဖြင့် စီးနင်းရသည့် အခက်အခဲ၊ ကားများကို ကြာရှည်စွာစောင့်ဆိုင်းရသည့် အခက်အခဲများ ဖြစ်ပေါ် နေလျက် ရှိပါတယ်။
ရန်ကုန်မြို့တွင်း၌ YBS ယာဉ်အစီးရေ ၃,၅၀၀ ခန့်က ခရီးသည်ဦးရေတစ်သန်းကျော်ကို နေ့စဉ် ဝန်ဆောင်မှုပေးနေပြီး ယခုလို CNG အခက်အခဲကြောင့် ယာဉ်အစီးရေကို လျော့နည်းကာ ပြေးဆွဲနေရကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews