(မှုခင်း) ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ စစ်ကိုင်း-မန္တလေးကားလမ်း၊ သစ်သီးဝလံဈေးအဆောက်အဦးရှေ့၌ ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ် အချိန်ခန့်က လောင်စာဆီ ဂါလံ ၉၆၀၀ ဆံ့ ဆီဘောက်ဆာမော်တော်ယာဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးအောင်ကိုကို၊ ၃၆ နှစ်၊(ဘ)ဦးသိန်းကြည်၊ ပဒုံစံကျေးရွာ၊ သံလျင်မြို့ နယ်နေထိုင်သူနှင့် ယာဉ်နောက်လိုက် ဦးသိန်းဇော်၊ ၃၈ နှစ်၊ (ဘ)ဦးဖိုးဇော်၊ ပျဉ်းပင်လှကျေးရွာ အောင်လံမြို့ နယ် နေထိုင်သူတို့မှ အမရပူရမြို့ နယ်၊ ပန်းချီကျေးရွာအုပ်စု၊ BOC စက်သုံးဆီ အရောင်းဆိုင်တောင်ဘက်ရှိ ဆီတင်ချသည့် နေရာ၌ ဆီတင်/ချ ပြုလုပ်နေစဉ် ဆီဘောက်ဆာ မီးစွဲလောင်ခဲ့ရာမှ ငယ်တိုးကျေးရွာအုပ်စု၊ စစ်ကိုင်း-မန္တလေးကားလမ်း၊ သစ်သီးဝလံစျေးအရှေ့သို့ အမြန်မောင်းနှင် ထွက်ခွာလာပြီး တွဲခေါင်း MDY-14/5S/7671 အား ဖြုတ်ချခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်မှုကြောင့် မွန်းလွဲ ၃ နာရီကျော်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး၊ မီးလောင်မှုဖြစ်စဥ်တွင် ယာဉ်မောင်း ဦးအောင်ကိုကိုမှာ ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် မီးစွဲလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews