အင်တာနက်ဖြတ်တောက်ထားတဲ့ မြစ်ကြီးနားမှာ Starlink Wifi စက်တွေကို ပြန်လည်ဖမ်းဆီးနေ


(ပြည်တွင်း) ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကနေစပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အင်တာနက်ကို ထိုင်းနိုင်ငံကနေ တရားမဝင်တင်သွင်းတဲ့ Starlink wifi တွေနဲ့ရယူသုံးစွဲနေတာကြောင့် လိုက်လံဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြစ်ကြီးနားမြို့မှာလည်း အင်တာနက်လိုင်းတွေပြတ်တောက်သွားတဲ့နောက်ပိုင်း Starlink Wifi အင်တာနက်ဆိုင်အများအပြားဖွင့်လှစ်လာကြတာနဲ့အတူ Starlink wifi စက်တွေကို အွန်လိုင်းပေါ်ကနေ ပေါ်ပေါ်ထင်ထင်ရောင်းချလာကြောင့် ဒီဇငိ်ဘာ ၁၈ ရက်နေ့ကမှာ သက်ဆိုင်ရာက လိုက်လံစုံစမ်းကာဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“၁၈ ရက်နေ့ကမြစ်ကြီးနားမြို့ပေါ်က ဆိုင်တွေကိုလိုက်ဖမ်းတယ်။ ဖမ်းမိရင် စက်တွေသိမ်းသွားတယ်” လို့မြစ်ကြီးနာမြို့ပေါ်မှာနေထိုင်တဲ့ လူငယ်တစ်ဦးကပြောပါတယ်။

မြစ်ကြီးနားက Starlink WIFI အင်တာနက်ဆိုင်တွေကို အောက်တိုဘာလကလည်း လိုက်လံစစ်ဆေးဖမ်းဆီးခဲ့တာတွေပြုလုပ်ခဲ့ဘူးသလို ဆိုင်ရှင်တစ်ချို့ကိုအရေးယူထားတယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN