(မှုခင်း) ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆×၃၇ လမ်း ကြားရှိ “ရွှေစင် အကယ်ဒမီရွှေဆိုင်” ဓါးမြ တိုက်ခံရကြောင်း သိရသည်။
ယနေ့ညနေ ၅ နာရီခွဲအချိန်ခန့်က “ရွှေစင် အကယ်ဒမီရွှေဆိုင်”ပိုင်ရှင် ဒေါ်ဝင်းဝင်းအေး၊ ၅၂ နှစ်၊ (ဘ)ဦးသူတော်နှင့် ရွှေဆိုင်အလုပ်သမား ဦးအောင်ကျော်မြ၊ ဒေါ်ချိုချို၊ဦးညိုတို့ ဆိုင်ပိတ်ပြီး ဆိုင်အတွင်းရှိနေစဉ် ကလစ်အနက်ရောင် ဆိုင်ကယ်(နံပါတ်မပါ) ၁ စီးဖြင့် အမည်မသိ အမျိုးသား ၃ ဦးဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းတို့ထဲမှ အင်္ကျီအကွက်(နီ/ဝါ)လက်ရှည်၊ ဂျင်းဘောင်းဘီအပြာ၊ ဦးထုပ်ဝါနူရောင်ဆောင်း၊ မက်စ်တပ်ထားသူ တစ်ဦးမှာ ဆိုင်အတွင်း အဝင်ပေါက်ဝတွင် ရပ်စောင့်နေပြီး အင်္ကျီအဖြူအနွေးထည်နှင့် အတွင်းအင်္ကျီမီးခိုးရောင်ဝတ်၊ ဦးထုပ်အစိမ်းနုရောင်ဆောင်း၊ ဘောင်းဘီရှည် စတိုင်ပင်ခဲဖြူဝတ်၊ မက်စ်တပ်ထားသူနှင့် မီးခိုးရောင်လက်ရှည်/ဂျင်းဘောင်းဘီအပြာရောင်ဝတ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်း/မက်စ်တပ်ထားသူတို့ မှ ပစ္စတိုသေနတ် ၂ လက်ကိုင်ဆောင်ကာ ဆိုင်အတွင်းဝင်ရောက်လာပြီး သေနတ်ပြ ခြိမ်း ခြောက်၍ ကောင်တာဘေး စားပွဲပေါ်တွင်တင်ထားသည့် ရွှေထည်အတုံး/ဆွဲကြိုး/လက်ကောက်ထည့်ထားသည့် ပလပ်စတစ်ပုံး ၃ ပုံး၊ ခန့်မှန်း ၄ ပိသာကျော်ခန့်၊စုစုပေါင်းတန်ဖိုး သိန်း ၃၀၀၀ဝိ ကျော်ခန့်အားယူဆောင်ပြီး ၇၇ လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာလုံခြုံးရေးအဖွဲ့များက ရွှေဆိုင်အတွင်း CCTV မှတ်တမ်းများအားကြည့်ရှု့စစ်ဆေးကာ နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews