(ပြည်တွင်း) ဒီဇင်ဘာ ၁၈
တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ပါက ကြီးကျယ်သောအရာများစွာကို ပိုင်ဆိုင် နိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒီဇင်ဘာလ ၁၇ ရက်တွင် ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအပေါ် ထားရှိသည့် မူဝါဒမှာ ပြောင်းလဲခြင်းမရှိကြောင်း၊ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များတွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင် မှုတို့လည်း ပါဝင်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံသာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကြီးကျယ်သော အရာများစွာကို ပိုင်ဆိုင်နိုင်မည်ဟု မလွဲဧကန်ဖြစ်ကြောင်း ဝမ်ယိ က ပြောထားသည်။
သို့သော် တစ်ဖက်တွင်မူ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းအရေးအပါအဝင် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် တရားမဝင်နှင့် အကြောင်းအကျိုးဆီလျော်မှုမရှိသော ဖိနှိပ်ချုပ်ချယ်မှုများကိုမူ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဝမ်ယိက ပြောသည်။
ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏တရားဝင် အခွင့်အရေးများနှင့်အကျိုးစီးပွားများကို ကာကွယ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၏ အခြေခံသတ်မှတ်ချက်များကို ကာကွယ်နိုင်ရေးတို့အတွက် ခိုင်မာပြင်းထန်သည့် တုံ့ပြန်မှုများဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောထားသည်။
ဒေါ်နယ်ထရမ့် က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီတွင် တရုတ် နိုင်ငံခြားရေး က ယခုကဲ့သို့ ပြောလာခြင်းဖြစ်ကြောင်း RTA သတင်းဌာနတွင် ဖော်ပြထားသည်။
#PAN