(နိုင်ငံတကာ) ဒီဇင်ဘာ ၁၈
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံပေါက်ခဲ့တဲ့ ထိုင်းထီနှစ်စောင်တွဲ ထိုင်းဘတ် ၁၂ ကို နေ့ချင်းပြီးထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေထံက သိရပါတယ်။
ထီဆုကြီး ဆွတ်ခူးသွားတဲ့ မြန်မာအလုပ်သမားဇနီးမောင်နှံဟာ ကျောက်ဆည်မြိုဇာတိဖြစ်ပြီး လက်ရှိမှာ ဘွန်ချီခရိုင် ကွန်ပြူတာစက်ရုံမှာအလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်တွင် ဖွင့်လှစ်ခဲ့တဲ့ ထိုင်းထီမှာ အမြင့်ဆုံးဆုကြေးအဖြစ် ဘတ်ခြောက်သန်း သတ်မှတ်ထားပြီး မြန်မာလုပ်သား ဇနီးမောင်နှံဟာ နှစ်စောင်တွဲအဖြစ် ဘတ် ၁၂ သန်း ဆွတ်ခူး ရရှိခဲ့တာဖြစ်တယ်လို့ ထိုင်းရောက်မြန်မာတွေက ပြောပါတယ်။
ထိုင်းထီဆုကြီးပေါက်ခဲ့တဲ့ မြန်မာလူမျိုးဇနီး မောင်နှံရဲ့ ဆုကြေးတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားကူညီရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ်မှာသွားလာလှုပ်ရှားနေတဲ့ PDF ထောက်ပို့ အေအေးစီရဲမင်းဦးဆောင်တဲ့ MHAC အဖွဲ့ ကနေ့ချင်းပြီး ကူညီထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ထိုင်းထီပေါက်သူတွေဟာ ဆုကြေးငွေ ဘတ် နှစ်သောင်း အထိသာ ထီကိုယ်စားလှယ်တွေဆီမှာထုတ်ယူနိုင်ပေမယ့် နှစ်သောင်းထက်ပိုတဲ့ဆုကြေးတွေကိုတော့ ထိုင်းအစိုးရ ထီရုံးတွေမှာ ထီပေါက်သူကိုယ်တိုင် သွားရောက်ထုတ်ယူရတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews