ကချင်ကဂိတ်တစ်ချို့ဖွင့်ထား‌ပေမယ့် တရုတ်ဘက်က ကုန်စည်မသွင်း


(ပြည်တွင်း) ဒီဇင်ဘာ ၁၈

ကချင်ပြည်နယ် ကန်ပိုက်တည်မြို့က နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေကပြောဆိုထားပြီး နှစ်ဖက်ကုန်စည်တင်သွင်းမှုတွေမရှိဘူးလို့ သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က ကန်ပိုက်တည်မြို့ကို လုံခြုံရေးယူပေးထားတဲ့ ဦးဆခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကို သိမ်းပိုက်ပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တည်ဂိတ်ကို ဖွင့်ထား‌ပေမယ့် တရုတ်ဘက်က ကုန်စည်တွေတင်သွင်းလာတာမရှိ‌တာကြောင့် KIA ထိန်းချုပ်ထားတဲ့ ကန်ပိုက်တည်မြို့မှာ ကုန်ဈေးနှုန်းမြင့်တက်နေသလို အခက်အခဲတွေလည်းဖြစ်နေ‌တယ်လို့ ဒေသခံတွေကပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ဘက်က ကုန်ပစ္စည်းတွေကို ကန်ပိုင်တည်ဘက် ပို့‌နေကြပေမယ့် ဆဒုံးမှာရှိတဲ့ KIAဂိတ်က အခွန်အခွန်မတန်ကောက်နေတာကြောင့် ကုန်ပစ္စည်းများဈေးကြီး‌နေတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN