(ပြည်တွင်း) ဒီဇင်ဘာ ၁၈
အများပြည်သူသွားလာနေသော လမ်းများ ၊ တံတားများ၌ အကြမ်းဖက် PDF အဖွဲ့မှ လက်လုပ်မိုင်းများထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများ စဥ်ဆက်မပျက်ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အနောက်ခြမ်းတွင် အကြမ်းဖက် PDF များက အများပြည်သူသွားလာနေသော လမ်းများ၌ လက်လုပ်မိုင်းများ ထောင်ထားကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဌာနေပြည်သူ့စစ်အဖွဲ့များမှ သွားရောက်ရှင်းလင်းခဲ့ရာ ငါန်းဇွန်မြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ ရွာသစ်မြစ်ရေတင်တာဘောင် လမ်းဘေး ဝဲ/ယာမှ အကြမ်းဖက် PDF များ ထောင်ထားသည့် လက်လုပ်မိုင်း ၇ လုံးအား ဖော်ထုတ်ရှင်းလင်း နိူင်ခဲ့ကြောင်း သိရသည်။
၎င်းနောက် သပြေသာ၊ ငါန်းလွန့်ကျေးရွာမှတဆင့် ငါန်းဇွန်-ငါန်းမြာ ကားလမ်းပေါ်သို့ဆက်လက်ရှင်းလင်းခဲ့ရာ ဆပ်ပြာကျင်း-သပြေကန်ကျေးရွာအကြား ကားလမ်းမပေါ်၌ အကြမ်းဖက် PDF များထောင်ထားသည့် လက်လုပ်မိုင်း ၇ လုံးကို ထပ်မံဖော်ထုတ် ရှင်းလင်းနိူင်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းစဉ်အချိန်အတွင်း အကြမ်းဖက် PDF များမှ Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ရာ ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ကိုသန့်ဇင်ထွေး၊ ၄၀ နှစ်၊(ဘ)ဦးတင်ကြည်တွင် ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး၊ အကြမ်းဖက် PDF များရှိရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် PDF များဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး ၎င်းတို့ ဆုတ်ခွာရာသို့ လုံခြုံရေးတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြေမှုန်းခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews